Top News

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ တံတားခုနစ်စင်း မိုင်းခွဲဖျက်ဆီးခံရ
24htopnews | January 7, 2025 5:12 AM CST

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မွန်ပြည်နယ်အတွင်းရှိ တံတားခုနစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် တံတားများမှာ ရန်ကုန်-မော်လမြိုင် ားလမ်းမပေါ်ရှိ တံတားလေးစင်း၊ ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်းပေါ်ရှိ တံတားနှစ်စင်းနှင့် ရေး-ထားဝယ်ကားလမ်းပေါ်ရှိ တံတားတစ်စင်းတို့ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နံနက် နာရီခွဲခန့်က သထုံမြို့နယ် မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/) (၁၃၆/)ကြားရှိ တံတားအမှတ် (/၁၃၆) မိုးကောင်းတံတားမှာ မိုင်းခွဲဖျက်ဆီးခဲ့ရခြင်းဖြစ်သည်။

အလျား ၃၇ ပေခန့်၊ အကျယ် ၄၈ ပေခန့် ရှိ အဆိုပါ မိုးကောင်းတံတားမိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး မော်တော်ယာဉ်များအနေဖြင့် သထုံ-ဘီးလင်းခရိုင်ချင်းဆက်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများမှ သွားလာခဲ့ကြရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မိုးကောင်းတံတားအား သက်ဆိုင်ရာက ယာယီမြေသားဖို့ပြုပြင်ခဲ့ပြီးနောက် ယင်းနေ့ နာရီခွဲခန့်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှ မော်တော်ယာဉ်များ ပြန်လည်သွားလာခွင့်ရ ရှိခဲ့ကြသည်။

ထို့အတူ ၂၀၂၄ ခုနှစ် မတ် ရက် နံနက် နာရီခန့်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားကျေးရွာအနီး ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် (၁၇/) နှင့် (၁၈/) ကြားရှိ တံတား အမှတ် (/၁၈) ပျဉ်သာတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် အရှည်ပေ ၁၂၀၊ တံတားအကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစား တံတားမှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ်မေ ရက် နံနက် နာရီခန့်ကလည်း ဘီးလင်းမြို့နယ်အတွင်းရှိ ဘီးလင်း-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် ၁၆/ နှင့် ၁၆/ ကြားရှိ တံတားအမှတ် /၁၇၊ ကညင်ပင်ကွင်းတံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် မိုင်းခွဲခံခဲ့ရသည့် ကညင်ပင်ကွင်းတံတားမှာ အရှည် ပေ ၈၀ ခန့် အကျယ် ၂၄ ပေခန့်ရှိ သံကူကွန်ကရစ်တံတားဖြစ်ကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲခံလိုက်ရ သည့်အတွက်ကြောင့် တံတားတစ်စင်းလုံး ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် မေ ၁၁ ရက် နံနက် နာရီ ၁၄ မိနစ်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားမှာ ဒုတိယအကြိမ်မြောက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း၊ ထိုသို့မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည့်အတွက်ကြောင့် ပထမအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ယာယီထိုးထားခဲ့သည့် ဘေလီတံတားမှာလည်း ပြိုကျပျက် စီးခဲ့ရကြောင်းနှင့် ရန်ကုန်-မော်လမြိုင်ကား လမ်းမှာလည်း အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မေ ၂၃ ရက် နံနက်အစောပိုင်းကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားအရှည် ၁၀၆ ပေ၊ အကျယ်  ၂၄ ပေရှိတံတားအမှတ် (/၁၃၀) ဒေသအခေါ် မစောတံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတားမှာ တံတား၏ သုံးပုံနှစ်ပုံမှာ ချောင်းအတွင်း ကျိုးကျပျက်စီးခဲ့သည့်အပြင် မစောတံတားချောင်းအတွင်း ဆိုင်ကယ်သုံးစီးပြုတ်ကျခဲ့သည့်အတွက် ဆိုင် ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ထို့အတူ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆  ရက် ၁၀ နာရီခွဲခန့်ကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကရင်လေးဆိပ်ကျေးရွာအနီး ဗိုလ်ခမ်းကွင်းအရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/) နှင့် (၁၃၄/) ကြားရှိ ကရင်လေးဆိပ်တံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် ကရင်လေးဆိပ်တံတား မိုင်းခွဲခံခဲ့ရသည့်အတွက်ကြောင့် တံတားအရှည် ၁၀ ပေခန့်၊ တံတားအကျယ် ၅၄ ပေခန့်ရှိ တံတားငယ်တစ်စင်းလုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက် နံနက် နာရီဝန်းကျင်ကလည်း မွန်ပြည်နယ်ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီး ရေး - ထားဝယ် ကားလမ်းပေါ်ရှိ ရေးမြို့ဘက်ခြမ်းရှိ ကိုးမိုင်တံတားချဉ်းကပ်လမ်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရ ကြောင်းနှင့် မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် ကိုးမိုင်ပင်မတံတားထိခိုက်မှုရှိခဲ့သည့်အပြင်  ပေါက်ကွဲမှုအရှိန်ကြောင့် ကိုးမိုင်တံတားအနီးဝန်းကျင်ရှိ နေအိမ်တချို့ရှိ မှန်ပြတင်းပေါက်များ အက်ကွဲပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုကိုးမိုင်တံတားမှာ ထားဝယ်-ရေးကား လမ်းမမိုင်တိုင်အမှတ် ၁၀၇/ နှင့် ၁၀၇/ ကြားတွင်တည်ရှိသော တံတားအမှတ် (/၁၀၈) ဖြစ်ကြောင်း၊ အလျား ပေ ၁၈၀၊ အကျယ်  ၃၄ ပေရှိ သံကူကွန်ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်းနှင့် ၂၀၀၂ ခုနှစ် ဇွန် ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် မေ ၃၁ ရက်တွင် တည်ဆောက်ပြီးခဲ့သည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် နံနက် နာရီ ခွဲခန့်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် (၁၃၁/) နှင့် (၁၃၁/)ကြားရှိ တံတားအမှတ် (၁၃၂/) ကျုံအိတ်တံတားမှာ ပထမအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် တံတားမိုင်းခွဲခံရသည့်အ တွက် တံတားတစ်ခြမ်းပြိုကျပျက်စီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကားသုံးစီးပျက်စီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်း ပြုတ်ကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK