
ပုဂံခရီးစဉ်ဒေသသို့ ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနစ်တွင် ခရီးသွား ဘုရားဖူးဧည့်သည်ဦးရေ တစ်သန်းကျော် ပိုမို၍ လာရောက် လည်ပတ်ခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)ထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ Covid -19 ကပ်ရောဂါဖြစ်ခဲ့သည့် ၂၀၁၉ ခုနှစ်နောက်ပိုင်းလေးနှစ်အတွင်း ပုဂံခရီးစဉ်ဒေသသို့ ၂၀၂၂ ခုနစ်က ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ကြောင်း ၂၀၂၃ ခုနစ်တွင် လူဦးရေ ၂ ဒသမ ၄၃ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနစ်ကြ ၃ ဒသမ ၄ သန်း ဝင်ရောက်ကြသည့်အတွက် ၂၀၂၃ ခုနှစ်ကထက် ခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်လာသည်ကိုတွေ့ရကြောင်း နှစ်အလိုက်နှိင်းယဉ်ကြည့်ပါက ပြီးခဲ့သည့်နှစ်ထက် ယခုနစ်တွင် ခရီးသွားဘုရားဖူးဧည့်သည် ၂ ဆဝင်ရောက်လာကြောင်း လူဦးရေ တစ်သန်းကျော် ပိုမို လာပတ်လည်ပတ်ခဲ့ကြကြောင်း နစ်သစ်ကူးပိတ်ရက်အတွက် လည်ပတ်ရန် ဟိုတယ်မိုတယ် တည်းခိုရိပ်သာများတွင် အခန်းယူထားမူ ရှစ်ဆယ်ရာခိုင်နူန်းရှိသည်ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)ထံက သိရသည်။
"ရှေးဟောင်း ယဉ်ကျေးမူမြို့တော် ပုဂံခရီးစဉ်ဒေသသို့ ၂၀၂၃ ခုနှစ်က ဧည့်သည် စုစုပေါင်း ၄၈၉၂၈၄ ဦး ဝင်ရောက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်ကြ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် စုစုပေါင်း ၅၁၈၅၈၃ ဦးတို့ ဟိုတယ်မိုတယ်တည်းခိုရိပ်သာများတွင် တည်းခိုသွားတာ တွေ့ရပါတယ် ရွှေစည်းခုံဘုရားမှာ ၂၀၂၃ ခုနှစ်က ၂ ဒသမ ၄၃ သန်း ဧည့်သည်များ ဝင်ရောက်ခဲ့ကြပြီး ၂၀၂၄ ခုနစ်ကြ ၃ ဒသမ ၄ သန်း ဝင်ရောက်ကြသည့်အတွက် မနှစ်ထက် ခရီးသွားဧည့်သည် တစ်သန်းကျော် ဝင်ရောက်လာတာတွေ့ရပါတယ် ဗူးဘုရားမှာ ၂၀၂၃ ခုနစ်က ၁ ဒသမ ၀၄ သန်း ခရီးသွားဧည့်သည် ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကြ ၁ ဒသမ ၁၆ သန်း ဝင်ရောက်ခဲ့ကြတယ်။ လောကနန္ဒာစေတီဘုရားမှာ ၂၀၂၃ ခုနစ်က ခရီးသွားဧည့်သည် ၇၉၅၆၉၄ ဦး ဝင်ရောက်လာခဲ့ပြီး ပုပ္ပါးခရီးစဉ်မှာ ၂၀၂၃ ခုနစ် က ဝင်ရောက်လာသည့် ခရီးသွားဧည့်သည် က ၁၄၉၉၁၅ ဦး ဝင်ရောက်လာခဲ့ပြီး ၂၀၂၄ ခုနစ်ကြ စုစုပေါင်း ၁၉၀၃၉၅ ဦး ဝင်ရောက်လာခဲ့ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေက ၂၀၂၃ ခုနှစ်က ၁၄၉၂၄ ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနစ်ကြ ၁၆၃၂၂ ဦး ဝင်ရောက်လာခဲ့တယ် " လို့ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။
၂၀၂၄ ခုနစ်တွင် ဟိုတယ် မိုတယ် တည်းခိုရိပ်သာများတွင် ပြည်တွင်းခရီးသွားများ တည်းခိုသွားသည်မှာ နိုဝင်ဘာလ ၅၇၄၇၄ ဦး ဒီဇင်ဘာလမှာ ၈၄၁၂၁ ဦးတို့ တည်းခိုသွားကြပြီးရွှေစည်းခုံဘုရားတွင် နိုဝင်ဘာလအတွင်း ခရီးသွားဧည့်သည် ငါးသိန်းကျော်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလတွင်လည်း ငါးသိန်းသုံးသောင်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပုဂံခရီးစဉ်ဒေသရှိ သမိုင်းဝင် အထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘု ရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ပြဿာဒ်ကြီးဘုရား၊ဓမ္မရာဇကဘုရား၊ အလို တော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ပြဿာဒ်ကြီးဘုရားနှင့်သဗ္ဗညုဘုရားကြီး ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း ၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်း တိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင် ဘုရားတို့တွင် သီးတင်းကျွတ်ပွဲတော်တွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့်အခါ ပုဂံဒေသရှိယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ၊ သဘာဝရေမြေရှုခင်းအလှများ၊ ဒေသမျိုးစိတ်ကျေးဌက်သတ္တဝါလေးများ၊ အနုပညာလက်ရာများအပြင် တစ်ဆက်တစ်စပ် တည်းသွားရောက်နိုင်သည့် ခရီးစဉ်ခုနှစ်ခုကိုလည်းသွားရောက်လည်ပတ်နိုင်အတွက် ဟိုတယ် နင့် ခရီး မှလည် ခရီးစဉ်များ ကို ဖော်ဆောင်ထားကြောင်း သိရပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်