
မန္တလေးမြို့ရှိ “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နှင့် “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းတို့အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သူ ငါးဦးအား သက်သေခံပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် က ဉ္စနမဟီရပ်ကွက် ၇၇ လမ်း ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်၌ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဥမ္မာအေး(၅၂)နှစ်ပါ ဆိုင်ဝန်ထမ်းခြောက်ဦးတို့ ရှိနေစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ရှိရွှေထည်ပစ္စည်းမျိုးစုံ (ရွှေအလေးချိန် ၁ ပိဿာ ၉၁ ကျပ်သားခန့် စုစုပေါင်းတန်ဖိုးငွေ ၁၀၅၀၅ သိန်းကျပ်ခန့်) နှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် လုယက်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် ဖောင်းပြင်မြို့နယ် ပေါက်ကုန်းကျေးရွာနေ မိုးအောင်(ခ)အောင်မိုး(၂၉)နှစ်နှင့် ဒီပဲယင်းမြို့နယ် ထောင်တန်းကျေးရွာနေ ကျော်စိုးလွင်(ခ)ကျော်ကြီး (ခ) ပြာတာ (၂၉)နှစ်တို့ နှစ်ဦးအား အောင်မြေသာစံမြို့နယ် ၂၅ လမ်းနှင့် ၅၃ လမ်းကြားရှိ Nature တည်းခိုခန်းအခန်း အမှတ်(၂၀၉)၌ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် M-5 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ M-4 A1 Carbine အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်သုံးခု၊ ကျည်မျိုးစုံ ၈၃ တောင့်၊ Click ဆိုင်ကယ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိဿာ ၄၀ ကျပ်သားခန့်၊ ငွေစက္ကူရောရာ ၂၁၅ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ မိုးအောင်(ခ)အောင်မိုးနှင့် ကျော်စိုးလွင်(ခ)ကျော်ကြီး (ခ)ပြာတာတို့၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာနေ အောင်ပြည့်စုံလွင် (၃၅)နှစ်နှင့် မိုင်ကုန်းရွာနေ သန်းထိုက်ထွန်း(ခ)ငနဲ(၃၃) နှစ်တို့အား ၎င်းတို့၏ နေအိမ်အသီးသီး၌ လုယက်မှုကျူးလွန်စဉ်အသုံးပြုခဲ့သည့် CANDA Wave 110 ဆိုင်ကယ်တစ်စီး၊ မီနီအိုးဝေတစ်စီးတို့နှင့်လည်းကောင်း၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား အရည်ကျိုပုံဖျက်ပေးသူ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်နေ ထွန်းမင်းလတ်(ခ)ထွန်းမင်း(၅၀)နှစ် (ဘ)ဦးသင်အား ၎င်း၏နေအိမ်၌ ရွှေထည်ပစ္စည်းများ အရည်ကျိုရာတွင် အသုံးပြုသည့်ပစ္စည်း များနှင့်လည်းကောင်း ယင်းနေ့မွန်းလွဲပိုင်းတွင် အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိသူ မိုးအောင်(ခ)အောင်မိုး၊ ကျော်စိုးလွင်(ခ)ကျော်ကြီး(ခ) ပြာတာ၊ အောင်ပြည့်စုံလွင်နှင့် သန်းထိုက်ထွန်း(ခ)ငနဲတို့အား အခြားလုယက်မှု၊ ဓားပြမှုများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့လေးဦးသည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီတွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ ဆင်ဖြူတော်ငွေလွှဲလုပ်ငန်းအား သေနတ်ပြခြိမ်းခြောက်၍ ကျပ်သိန်း ၃၀၀ နှင့် MDY-16/4Q 1196 Ertiga အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့အား လုယက်ခဲ့ကြောင်း၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် မော်တော်ယာဉ်အား အမည်မသိအမျိုးသားတစ်ဦးထံ ကျပ်သိန်း ၁၅၀ ဖြင့် ရောင်းချခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ဆေးချက်များအရ ဖမ်းဆီးရမိသူ မိုးအောင်(ခ) အောင်မိုးသည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာ PDF အဖွဲ့မှ ဒုခေါင်းဆောင်ဖြစ်ပြီး ကျော်စိုးလွင် (ခ)ကျော်ကြီး(ခ)ပြာတာသည် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု ထောင်တန်းကျေးရွာ PDF အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ လုယက်မှုများကျူးလွန်စဉ်က အသုံးပြုခဲ့သော သေနတ်များအား PDF အဖွဲ့ဝင် ကိုစိုးကြီး(စိစစ်ဆဲ)ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များအား ဓားပြမှု၊ လုယက်မှုများကျူးလွန်၍ ရရှိငွေများဖြင့် လက်နက်၊ ခဲယမ်းများထပ်မံဝယ်ယူရန် မန္တလေးမြို့ပေါ်သို့ တက်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုသို့လုယက်မှုများ ကျူးလွန်ရာတွင် ခင်မင်ရင်းနှီးသူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်နေ အောင်ပြည့်စုံလွင်နှင့် သန်းထိုက်ထွန်း(ခ)ငနဲတို့နှင့်ပူးပေါင်းကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီတွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ ဆင်ဖြူတော်ငွေလွှဲလုပ်ငန်းအား ဝင်ရောက်လုယက်ရာတွင် မိုးအောင် (ခ)အောင်မိုးက MA 5 သေနတ်အား ကိုင်ဆောင်၍လည်းကောင်း၊ ကျော်စိုးလွင်(ခ)ကျော်ကြီး(ခ)ပြာတာက M4 A14 သေနတ်အား ကိုင်ဆောင်၍လည်းကောင်းဆိုင်အတွင်း ဝင်ရောက်လုယက်ခဲ့ကြခြင်းဖြစ်ပြီး အောင်ပြည့်စုံလွင်နှင့် သန်းထိုက်ထွန်း(ခ)ငနဲတို့နှစ်ဦးက ဆိုင်အပြင်မှနေ၍ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီ မိနစ် ၅၀ တွင် “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်အား လုယက်မှုကျူးလွန်ရာ၌ မိုးအောင် (ခ)အောင်မိုးက MA-5 သေနတ်ဖြင့်လည်း ကောင်း၊ ကျော်စိုးလွင် (ခ)ကျော်ကြီး (ခ) ပြာတာက MA-4 A1 သေနတ်ဖြင့်လည်းကောင်း အသီးသီးကိုင်ဆောင်ကာ ဆိုင်အတွင်းဝင်ရောက်၍ ဆိုင်ရှိဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ကာ ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ပြီး အောင်ပြည့်စုံလွင်က ဆိုင်အပြင်မှနေ၍ အခြေအနေစောင့်ကြည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နှင့် ဆင်ဖြူတော်ငွေလွှဲလုပ်ငန်းတို့အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုများ ကျူးလွန်ခဲ့သူ PDF အမည်ခံအဖွဲ့ဝင်များ ဖြစ်ကြသည့် မိုးအောင်(ခ)အောင်မိုး၊ ကျော်စိုးလွင်(ခ) ကျော်ကြီး (ခ) ပြာတာတို့ နှစ်ဦးနှင့် ပူးပေါင်းကျူးလွန်သူ အောင်ပြည့်စုံလွင်၊ သန်းထိုက်ထွန်း(ခ)ငနဲ၊ ထွန်းမင်းလတ် (ခ) ထွန်းမင်းတို့ ငါးဦးအား သက်သေခံရွှေထည် ပစ္စည်းနှင့်ငွေများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုသည့်လက်နက်၊ ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်