
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး YUTONG အမျိုးစား အနီရောင် Express ဘုရားဖူးယာဉ် တိမ်းမှောက်ရာ တစ်ဦးသေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီခွဲခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် YUTONG အမျိုးစား အနီရောင် Express ဘုရားဖူးယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းဘေးတွင် ကာရံထားသော ဘယ်ရီယာတုံးများအားတိုက်မိပြီး တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယင်းသို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ၄၅ ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂၁ ဦး၊ ကလေး နှစ်ဦး စုစုပေါင်း ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်၊ ကြက်ခြေနီအသင်းပိုင်လူနာတင်ယာဉ်၊ EMS 192 လူနာတင်ယာဉ်တို့ဖြင့် ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်