
ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေသဖြင့် ရန်ကုန်၊ နေပြည်တော်၊မန္တလေး အပါအဝင် တနိုင်ငံလုံးတွင် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေရသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။
လတ်တလောတွင် ပျှမ်းမျှတစ်ရက်လျှင် မဂ္ဂါဝပ် ၂၂၀၀ ခန့်သာထုတ်လုပ်နိုင်သဖြင့်လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်း ၅၀ လျော့နည်းနေကြောင်း၊ ယင်း ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲဝေပေးနေရကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အချိုးကျ ဓာတ်အားခွဲဝေပေးမှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်စု ၃ စုခွဲခြားကာ တစ်အုပ်စုလျှင် ၄ နာရီပေး ၈ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အုပ်စု ၄ စုခွဲပြီး ၃ နာရီပေး ၉ နာရီပိတ်အလှည့်ကျနှင့် အုပ်စု ၄ စုခွဲပြီး ၄ နာရီပေး ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေ ပြည်တော်တွင် အများပြည်သူများအတွက် တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ၈ နာရီပိတ်၊ ဝန်ထမ်းအိမ်ရာများကို ၁၈ နာရီပေး ၄ နာရီပိတ် အလှည့်ကျစနစ်ဖြင့်လည်းကောင်း၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်အုပ်စုလျှင် ၆ နာရီအလှည့်ကျ အစီအစဉ်ဖြင့်လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံ ၃၀မှ မဂ္ဂါဝပ် ၃၂၃၂၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၆ ရုံမှ မဂ္ဂါဝပ် ၃၂၆၈၊ ကျောက်မီးသွေးစက်ရုံ ၂ ရုံမှ မဂ္ဂါဝပ် ၁၃၈၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ ၈ ရုံမှ ၂၄၀ မဂ္ဂါဝပ် ထွက်ရှိသည်။
သို့သော် ဓာတ်အားပေးလိုင်းများ ဖျက်စီးခံရခြင်းကြောင့် အသားတင် မဂ္ဂါဝပ် ၁၀၀၉ လျော့နည်းနေပြီး သဘာဝဓာတ်ငွေ့စက်ရုံများမှာလည်း သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းနေသဖြင့် မဂ္ဂါဝပ် ၂၉၁ လျော့နည်းနေကြောင်း၊ မုန်တိုင်းရာဂီကြောင့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံကို ပိတ် ထားရပြီး ပြုပြင်ထိန်းသိမ်းရေးများ လုပ်ဆောင်နေရခြင်းကြောင့် မဂ္ဂါဝပ် ၁၄၀ လျော့နည်းနေကြောင်း၊ ယင်းကြောင့် စုစုပေါင်း မဂ္ဂါဝပ် ၁၄၄၀ အသားတင် လျော့နည်းနေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ဓာတ်အားပို့လွှတ်ဓာတ်အားလိုင်းတိုင်ပေါင်း ၁၇၁ တိုင်၊ ဓာတ်အားလိုင်း ကြိုးနေရာ ၁၃၁ နေရာကို အကြိမ်ကြိမ်ဖျက်ဆီးခံရသဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး ယင်းသို့ဆောင်ရွက်စဥ် Drop Bomb များဖြင့် တိုက်ခိုက်ခံရခြင်း၊ မိုင်းထိမှန်ခြင်းများကြောင့် မိုင်းထိမှန်သူ ၄၉ ဦး၊ ဒဏ်ရာရသူ ၇၅ ဦးနှင့် သေဆုံးသူ အယောက် ၃၀ ရှိခဲ့ပြီး တာဝါတိုင်နှင့် ကွန်ကရစ်တိုင်ပေါင်း ၁၇၁ တိုင် ပြိုလဲပျက်စီးခဲ့သည်ဟု ဝန်ကြီးဌာနက ဖော်ပြသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ နည်းခြင်းကို ပြန်လည်ဖြည့်ဆည်းနိုင်ရန် ထိခိုက်ပျက်စီးခဲ့သည့် စက်ရုံများကို အမြန်ပြင်ဆင်နေပြီး ကာလတို ဖြေရှင်းနိုင်ရေးအတွက် LNG ဓာတ် အားပေး စက်ရုံစီမံကိန်းများကို အကောင်အထည် ဖော်နေကာ ရေ၊ နေ၊ လေ တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေကြောင်း၊ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းခြင်းအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်