Top News

မန္တလေးမြို့တွင် စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦး ပြန်ပေးဆွဲခံရပြီး ငါးရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်မရရှိသေး
24htopnews | January 7, 2025 9:12 PM CST

မန္တလေးမြို့တွင်  စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦး ပြန်ပေးဆွဲခံရပြီး ငါးရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ချမ်းအေးသာစံမြို့နယ်၊  မြို့ပတ်လမ်း၊ ၃၃လမ်းနှင့်၃၄ လမ်းထောင့်ရှိ The wood စားသောက်ဆိုင်တွင် စားသောက်ပြီးပြန်ထွက်လာသည့် အမျိုးသားတစ်ဦးသည် ကားပေါ်သို့တက်ပြီးမောင်းထွက်စဉ် အမျိုးသားငါးဦးခန့်မှ အတင်းဆွဲခေါ်သွားမှု ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပြန်ပေးဆွဲခံရသူမှာ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ စတားပါဝါစက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးဖြစ်ပြီး မိတ်ဆွေတစ်ဦးနှင့်အတူ စားသောက်ဆိုင်မှ ပြန်ထွက်လာစဉ် ကားပေါ်မှ အတင်းဆွဲချခံခဲ့ရခြင်းဖြစ်သည်။

ဆွဲခေါ်သွားသည့်လူငါးဦးခန့်သည် ၎င်းတို့အသင့်ပါလာသည့်ကားပေါ်သို့ ခေါ်ဆောင်သွားခဲ့ရာ ကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိပြီး ယခုချိန်ထိ မိသားစုနှင့်အဆက်သွယ်မရရှိသေးဟု သိရသည်။


READ NEXT
Cancel OK