Top News

တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း ပြည်ပခရီးသွားဦးရေ ရှစ်သိန်းခွဲအထိ ဝင်ရောက်ခဲ့
24htopnews | January 7, 2025 10:12 PM CST

တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း ပြည်ပခရီးသွား စုစုပေါင်းရှစ်သိန်းခွဲအထိ ဝင် ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ ပြီးခဲ့သည့် ၁၁ လအတွင်း ပြည်တွင်း ပြည်ပခရီးသွား များ ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသွား စုစုပေါင်း တစ်သန်း ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ၂၀၂၃ ခုနှစ်က ထက်စာလျှင် ခရီးသွား ဝင်ရောက်မှုနည်းခဲ့ ကြောင်း၊ လမ်းခရီးအနေအထားများနှင့် လေ ယာဉ်စျေးနှုန်းများကြောင့် ခရီးသွားလာမှုနည်း လာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန် ဆောင်မှုပေးနေသူများက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြု ထားသည့် လိုင်စင်ရ ဟိုတယ်စုစုပေါင်း ၆၄ လုံးရှိပြီး လက်ရှိတွင် ၄၅ လုံး ဖွင့်လှစ်ထား‌ ကြောင်း သိရသည်။

ကျွန်းပေါင်း ၈၀၀ ကျော်တည်ရှိသည့် မြိတ်ကျွန်းစုဒေသအတွင်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ရေပေါ်ရေ အောက်ရှုခင်းများ၊ လှပသော သဲသောင်ပြင် များပါဝင်သည့် ကျွန်းများ၊ ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံတမ်းများနှင့် လူနေမှု ဘဝနေထိုင်မှုပုံစံများကို လေ့လာနိုင်မည့်အ ပြင် ရေကူးခြင်း၊ ဒေသသုံးလှေငယ်များဖြင့် သဘာဝဒီရေတောများကိုလည်း လေ့လာနိုင် ခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက် ပါ၍ ငါးဖမ်းခြင်းလုပ်ငန်းများကိုလည်း လေ့ လာလည်ပတ်နိုင်သလို လေးကျွန်း၊ ဘေလီ ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးညောင်မှိုင်း၊ စမတ် ကျွန်း၊ ပဒန်းကျွန်းနှင့် ဒုံးရေတံခွန်တို့သို့ ခရီး သွား အများဆုံးလည်ပတ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK