
မြဝတီဘက်မှ ထိုင်းနိုင်ငံဘက်သို့ ဇန်နဝါရီ ၆ ရက်က သောင် ရင်းမြစ်ကို ဖြတ်ကျော်ဝင်ရောက်သူ မြန်မာ နိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
မဲဆောက်မြို့နယ် အမှတ် (၄) ကျေးရွာ အုပ်စု ဘန်ဝမ်ကော်အနီးတစ်ဝိုက်တွင် rach amanu အထူးတပ်ဖွဲ့ သည် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မသင်္ကာဖွယ်လူကို တွေ့ရှိ စစ်ဆေးရာမှ မြန်မာနိုင်ငံသား တရားမဝင် အလုပ်သမားဟု သံသယရှိသူများ အား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်လာသူ အမျိုးသားခြောက်ဦး၊ အမျိုး သမီးလေးဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးမှာ သောင်ရင်မြစ်ဖြတ်ကျော် သဘာဝလမ်း ကြောင်းမှ ထိုင်းဘက်သို့ တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်း နိုင်ငံမြို့တော် ဘန်ကောက်၌ အလုပ်သွားလုပ် မည့်သူများဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၆၀၀၀ မှ ၂၀၀၀၀ အထိ ပေးခဲ့ရသည် ဟု ဆိုသည်။
အထူးတပ်ဖွဲ့ ရာမာနူမှ စစ်ဘက်အရာရှိ များက ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ အား မဲဆောက်မြို့မ ရဲစခန်းသို့ ပို့ဆောင်ကာ တရားဥပဒေအရ အရေးယူရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ဇန်နဝါရီ ၅ ရက်ကလည်း ထိုင်း နိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သူ မြန်မာ နိုင်ငံသား၂၄ ဦးကို ခေါ်ဆောင်လာသူ ထိုင်း နိုင်ငံသားနှစ်ဦးနှင့်အတူ မဲဆောက်မြို့အ ထွက်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် အတွက် နှစ်ရက်အတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံဘက်မှ လာသော သတင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်