
ကွမ်းခြံကုန်းမြို့နယ် ကမာကလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သင်္ဃန်းများ အလိုအလျောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် သွားရောက်ကူညီခဲ့သည့် မုဒိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာကလွန်းကျေးရွာရှိ ရွာဦးအေးစေတီဘုန်းကြီးကျောင်းတွင် လှန်းထားသည့်သင်္ဃန်းများ၊ သိမ်းထားသည့် သင်္ဃန်းများနှင့် ကိုရင်တစ်ပါး ဝတ်ဆင်ထားသည့် သင်္ဃန်း အလိုအလျောက်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျောင်းထဲကို ဖုန်ဝင်မှာကြောက်လို့ ကာထားတဲ့သင်္ဃန်းတွေ၊ ခန္ဒာကိုယ်မှာ ဝတ်ထားတဲ့သင်္ဃန်းဆို ဒီမနက်တင် နှစ်ခါရှိပြီ။ အလိုအလျောက်ထလောင်တာ။ ကျောင်းထဲမှာရှိတဲ့ ခေါင်းအုံးတချို့လည်း လောင်တယ်။ ဗီရိုထဲ ထည့်ထားတဲ့သင်္ဃန်းတွေရော၊ ဘုန်းကြီးဆောင်း ထီးတစ်ချောင်းလောင်တယ်။ အပြင်မှာ လွှားထားတဲ့(လှန်းထားတဲ့) သင်္ဃန်းတွေလည်း လောင်တယ်။ ကာထားတဲ့ သင်္ဃန်း၊ လွှားထားတဲ့ သင်္ဃန်းတွေလောင်တယ်။ ကိုရင်လေးတပါးဆိုရင် သူ့ဘာသာ လမ်းလျှောက်နေရင်း မီးထလောင်လို့ လဲလိုက်ရတယ်” ဟု ကမာကလွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါမီးလောင်မှုမှာ မည်သည့်လောင်စာမျှမရှိဘဲ အလိုအလျောက်မီးထလောင်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း ယင်းသို့ မီးလောင်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း ကမာကလွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
ဇန်နဝါရီ ၇ ရက် နံနက်တွင် မီးလောင်မှု သတင်းကြားရသဖြင့် ကွမ်းခြံကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့နှင့်အတူ မုဒိတာလူမှုကူညီရေးအသင်းမှ အဆိုပါကျေးရွာသို့ သွားရောက်ခဲ့ရာမှ ယင်းဖြစ်စဉ်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း မုဒိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မီးလောင်တယ်ဆိုတဲ့ ဖြစ်စဉ်ကြားတာနဲ့ ကျွန်တော်တို့ ချက်ချင်းသွားလိုက်တာ။ ဟိုရောက်တော့မှ ဖြစ်စဉ်က အဲ့ဒီလိုဖြစ်နေတာ။ အခုတော့ ကျွန်တော်တို့ရော မီးသတ်တပ်ဖွဲ့ရော ပြန်လာပြီ။ ကျေးရွာမှာ နေတဲ့သူတွေကတော့ မီးလောင်တာကို စောင့်ကြည့်ကူညီဖို့ စောင့်နေကြတယ်” ဟု မုဒိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ သင်္ဃန်းများ အလိုအလျောက် မီးလောင်ကျွမ်းမှုများ ရှိနေသဖြင့် ကျေးရွာဒေသခံများက ဆက်လက်စောင့်ကြည့်နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်