Top News

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန်နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် နိုင်ငံတကာက တောင်းဆို
24htopnews | January 8, 2025 12:12 AM CST

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်း သို့ ပြန်သွားရန်နှင့် အားလုံးပါဝင်သည့် တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဥရောပသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီး လန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စတီနိုင်ငံက ပူးတွဲကြေညာချက် တစ်စောင်ကို ဇန်နဝါရီ ၆ ရက်နေ့စွဲနှင့် ထုတ် ပြန်၍ တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုဆိုးရွား လာသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များကို အလွန်စိုးရိမ်ကြောင်း၊ အကျပ်အ တည်းများသည် အကြမ်းဖက်မှုများ တိုးမြင့် လာသည့်အပြင် လူမျိုးအချင်းချင်း တင်းမာမှု များကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုး ဖောက်မှုများကို ယုံကြည်ရသည့် အစီရင်ခံစာ များ လက်ခံရရှိထားကြောင်း ပူးတွဲထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပဋိပက္ခများကြောင့် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များ တိုးလာ နေကြောင်း၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း ၃ ဒသမ ၅ သန်း ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ယခုအခါ လူပေါင်း ၁၅ သန်းကျော်သည် စား နပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရ ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာလူ့အခွင့် အရေးဥပဒေများကို လေးစားလိုက်နာရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ အပြည့်အဝ၊ ဘေးကင်းပြီး အတားအဆီးမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ပြည့်အဝဝင်ရောက်ခွင့်ကို ခွင့်ပြုရန် မြန်မာ နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်း ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက် လုပ်ရပ်များအားလုံး ချက်ချင်းရပ်ရန် ၂၀၂၂ ခုနှစ်က ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို အ ကောင်အထည်ဖော်ရန်နှင့် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ရန် ပူးတွဲထုတ်ပြန် ချက်ထဲတွင် နိုင်ငံတကာအစိုးရများက တောင်းဆိုထားသည်။

အာဆီယံသဘာပတိနှင့် အထူးသံ တမန်၏ လုပ်ငန်းအပါအဝင် အကျပ်အတည်း ဖြေရှင်းရေးတွင် အာဆီယံ၏ ဗဟိုအခန်း ကဏ္ဍကို အပြည့်အဝထောက်ခံကြောင်း ထပ် လောင်းအတည်ပြုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံတမန်၏ အရေးကြီးသောအခန်း ကဏ္ဍကို အသိအမှတ်ပြုကြောင်း ပူးတွဲထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအခြေအနေအတွက် ငြိမ်း ချမ်းသောအဖြေကို ရှာဖွေရန်နှင့် အားလုံးပါ ဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းသို့ ပြန် သွားရန် စစ်မှန်သော၊ အပြုသဘောဆောင်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကို ဆက်လက် ထောက်ခံကြောင်းလည်း ပူးတွဲထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK