Top News

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ် ၇၅၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း UNICEF Myanmar ထုတ်ပြန်
24htopnews | January 8, 2025 2:12 AM CST

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ် ၇၅၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း UNICEF Myanmar က ထုတ်ပြန်သည်။

ပိုမိုဆိုးရွားကျယ်ပြန့်လာသော လက်နက် ကိုင်ပဋိပက္ခများကြောင့် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကလေးများအတွက်  စိန်ခေါ်မှုများစွာရှိသော နှစ်တစ်နှစ်ဖြစ်ခဲ့ ကြောင်း၊ မြန်မာ့ကလေးငယ် ခြောက်သန်းခန့် သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်သူ ၃ ဒသမ ၅ သန်းကျော်ရှိ သည့်အနက် ၃၃ ရာခိုင်နှုန်းကျော်မှာ ကလေး များဖြစ်ကြောင်း UNICEF Myanmar  ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက် ခိုက်မှုများ အပါအဝင် အရှိန်အဟုန်မြင့်လာ သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး ဒဏ်ရာရရှိ ခဲ့ပြီး ထိုအရေအတွက်သည် တစ်နေ့လျှင် ကလေးနှစ်ဦးထက်ပို၍ သေဆုံး ဒဏ်ရာရရှိ ခဲ့ခြင်း ဖြစ်ကြောင်း UNICEF Myanmar က ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက် ပစ္စည်း ကြွင်းကျန်များကြောင့် အနည်းဆုံး ကလေး ၂၅၀ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ဒေသကြီး အားလုံးနီးပါးသည် မြေမြှုပ်မိုင်း များ၊ စစ်လက်နက်ပစ္စည်း ကြွင်းကျန်များများ နှင့် ပျံ့နှံ့နေပြီး ကလေးများအတွက် အလွန် ကြီးမားသော အန္တရာယ်များ ဖြစ်လာစေ ကြောင်း UNICEF Myanmar က ဆိုသည်။

ထိုသို့ အလွန်ကြီးမားသော အန္တရာယ် များနှင့်အတူ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး အစရှိတဲ့ အရေးကြီးဝန်ဆောင်မှု များ ကျယ်ကျယ်ပြန့်ပြန့် ပျက်ပြားလာခြင်းနှင့် ကျဆင်းလာသော စီးပွားရေးအခြေအနေများ ကြောင့် မြန်မာကလေးများ၏ နေ့စဉ်ဘဝ သည် ယခင်နှစ်များထက် ပိုမိုဆိုးရွားလာခဲ့ ကြောင်းကိုလည်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ကလေးငယ် တစ်သန်း ကျော်သည် အရေးကြီးသော ကာကွယ်ဆေး ထိုးခြင်းများကို လက်လွတ်ဆုံးရှုံးနေရပြီး မြန် မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် “ကာကွယ်ဆေး လုံးဝမရရှိသော” ကလေးများ၏ ဗဟို ချက်မတစ်ခုဖြစ်လာကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။      

ထို့ပြင် မြန်မာ့ကလေး ငါးသန်းကျော်သည် ပညာသင်ခွင့် အခွင့်အလမ်းများကို ဆုံးရှုံးနေ ရပြီး ထိုအခြေအနေများကြောင့် ကလေးများ သည် အတင်းအကျပ် စစ်သားစုဆောင်းခံရ ခြင်း၊ အသက်မပြည့်မီ သို့မဟုတ် အတင်းအ ကျပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ လိင်ပိုင်းဆိုင် ရာ ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုခြင်း အစရှိသော ကြီးလေးသည့် အခွင့်အရေး ချိုး ဖောက်မှုများကို တွေ့ကြုံခံစားနေကြရ ကြောင်း UNICEF Myanmar က ပြောကြား သည်။

၂၀၂၅ ခုနှစ်သို့ရောက်လာသည်နှင့်အမျှ အန္တရာယ် ချောက်ကမ်းပါးတစ်ခုတွင် ရပ် တည်နေရသော မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိ ပက္ခဒဏ်သင့် ကလေးများအတွက် တိုးပွား လာသော လိုအပ်ချက်များကို အရေးပေါ်ဖြေ ရှင်းရန်နှင့် အသက်ရှင်သန်ရေးအတွက် အထောက်အကူပေးနိုင်ရန် ရန်ပုံငွေသည် အရေးကြီးလာကြောင်းလည်း UNICEF Myanmar က သတိပေးထားသည်။

မြန်မာ့ကလေးများ၏ ရှင်သန်ရပ်တည် ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပိုမို ကောင်းမွန်သော အနာဂတ်အတွက် ရဲရင့် သော၊ စုပေါင်းဆောင်ရွက်မှုကို ယခင်ကထက် ပိုမိုလိုအပ်လာနေပြီဖြစ်ကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK