
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီးတွင် အောက်တိုဘာ ၂၅ ရက် ညပိုင်းက ရထားပေါ်ရှိ ခရီးသည်ထံမှ ခါးပိုက်နှိုက်ပြီး ရထားပေါ်မှ ခုန်ချထွက်ပြေးသော အမည်မသိလူငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီး လူငယ်၏နေရပ်လိပ်စာကို စုံစမ်းနေကြောင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။
ခုန်ချသော အမည်မသိ လူငယ်သေဆုံးမှု နှင့် ပတ်သက်ပြီး အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက “နာမည်တော့မပေါ်သေးဘူးဗျ။ စုံစမ်းဆဲပဲရှိသေးတယ်။ ခုန်ချတာတော့ ဘာကြောင့်ရယ်တော့မသိဘူး။ ဒီ ကောင်က ခရီးဆောင်ဘေးလွယ်အိတ်ထဲက ပ ိုက်ဆံကိုသွားနှိုက်တာ။ အဲတော့ ပိုင်ရှင်က သိတော့ ထွက်ပြေးတာ။ ထွက်ပြေးပြီး တွဲနောက်က ခုန်ချတော့ တွဲဟိုထဲဝင်သွားတာပေါ့။ အဲ့လိုဖြစ်တာ ခရီးသည် ဦးအောင်ခဆို တာရှိတယ်။ ခရီးသည် ဦးအောင်ခဆိုတာ အသက် ၆၃ နှစ်ဗျ၊တောင်တွင်းကြီးမှာနေတာ သူကအိပ်ငိုက်ပြီးတော့ သူ့လွယ်ထားတဲ့ BDE ဆိုတဲ့ ကာကီရောင် ခရီးဆောင်ဘေးလွယ် အိတ်ထဲကနေပြီး စက္ကူငွေကိုယူတာ၊ သူက အတွင်းဒဏ်ရာရတယ်။ ဝဲတံတောင်ပွန်းပဲ့ ဒဏ်ရာရတယ်၊ နောက်စေ့ဒဏ်ရာရတယ်။ လိပ်စာကတော့စုံစမ်းထားပါတယ်ဗျ” ဟုပြော ကြားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် ည ၉ နာရီခန်က၊ စက်ဗိုလ် ဦးခင်မောင်သန်း၊ ဂတ်ဗိုလ် ဟန်ကျော်စိုး မော်လမြိုင်မြို့နေသူ တို့လိုက်ပါလာသော မော်လမြိုင်-နေပြည်တော်သို့ မောင်းနှင်လာသည့် DF -1641 (အဆန်)ရထားမှာ အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီး၊ မှော်ရောတံတား၊ မီးရထားကြေးနန်းမိုင်တိုင်အမှတ် ၁၆၀/၂ နှင့် ၁၆၀/၃ အကြားသို့အရောက်တွင် ခန့်မှန်း အသက် ၁၅ နှစ်ခန့်ရှိပြီး အင်္ကျီ အနီ၊ ဘောင်း ဘီအပြာကွက်အတို ဝတ်ဆင်ထားသော အမည်မသိလူငယ်တစ်ဦးမှာ ရထားပေါ်မှပြုတ်ကာ ဝဲချိုစောင်းကွဲဒဏ်ရာ၊ဝဲတံတောင်ပွန်းပြဲ ဒဏ်ရာ၊ နောက်စေ့ကြေဒဏ်ရာတို့ဖြင့်အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ DF-1641 (အဆန်) ရထားတွဲတွင် ခုနစ်တွဲပါရှိပြီး တွဲအမှတ်(၇) BDTEZ 12007 ရိုးရိုးတန်း၊ ခုံအမှတ် ၁၅ တွင် မော်လမြိုင်မှ နေပြည်တော်သို့ လိုက်ပါလာသော ခရီးသည် ဦးအောင်ခ ၆၃ နှစ်၊ နှစ်ကျပ်ခွဲရွာ၊ တောင်တွင်းကြီးမြို့နယ်နေသူမှာ အိပ်ငိုက်နေစဉ် ၎င်းလွယ်ထားသော DDE ကာကီရောင်၊ ခရီးဆောင်ဘေးလွယ်အိတ်အတွင်းမှ ငွေ စက္ကူရောရာ ကျပ် ၉၅၀၀၀ အား တစ်စုံတစ် ယောက်ကနှိုက်ယူခဲ့ရာ ဦးအောင်ခက သိရှိ သဖြင့် လှည့်ကြည့်စဉ် အမည်မသိလူငယ်မှာ ထွက်ပြေးပြီး ရထားတွဲ၏နောက်ပေါက်မှ ခုန်ချ၍သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမည် မသိလူငယ် သေဆုံးခြင်းနှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ် ဆေးပေးပါရန် ဒုရဲမှူးလှနိုင်က တရားလို လုပ်တိုင်တန်းသဖြင့် အုတ်တွင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၆/၂၀၁၈)ဖြင့် အမှုဖွင့်ထားရှိကာ သေဆုံးသူအလောင်းအား အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရဲဆေး စာဖြင့် ပေးပို့ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်