
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးရှာဖွေသူများအား အောက်တိုဘာ ၂၈ ရက်နေ့နောက်ဆုံးထားပြီး သတ်မှတ်နေရာတွင် ပြောင်းရွှေ့ နေထိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားကြောင်း သိရသည်။
နန်စီပွန်ရတနာနယ်မြေရှိ ကျောက်တူးဖော်သည့် ကုမ္ပဏီစွန့်ပစ်မြေစာပုံများတွင် နေထိုင်သော ရေမဆေးရှာဖွေသူများအား သက်ဆိုင်ရာမှ သတ်မှတ်ပေးထားသည့် နေရာတွင် ပြောင်းရွှေ့နေထိုင်ရန်နှင့် ပြောင်းရွှေ့ ခြင်းမပြုဘဲ ဆက်လက်နေထိုင်ပါက တရားဥပဒေအရ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်ဆင့်၏ ပြောကြားချက်အရ သိရသည်။
“ပြောင်းရွှေ့ခိုင်းတာက အရင်ကတည်းက ပြောင်းရွှေ့ခိုင်းခဲ့တာပါ။ ဒါပေမဲ့ ပြောင်းရွှေ့နေရင်း မိုးကျလို့ ဆက်ပြီးမပြောင်းရွှေ့နိုင်ဘဲ မိုးတွင်းမှာ နားပြီးကျန်ခဲ့တဲ့ဟာတွေကို အခု ပြန်ပြီးရွှေခိုင်းတာပါ။ သိပ်တော့မများပါဘူး။ တစ်ရာကျော်လောက်ပဲ ကျန်တာပါ။ လူဆိုတော့ အမျိုးမျိုးပဲလေ။ တချို့မပြောင်းချင်တဲ့လူလည်း ရှိမှာပေါ့။ ကျွန်တော်တို့က တော့ ဥပဒေနဲ့အညီပဲ လုပ်သွားမှာပါ။ မပြောင်းရွှေ့ဘဲနေခဲ့မယ်ဆိုရင် လုပ်ရမယ့် ဥပဒေရှိတယ်လေ။ ပုဒ်မ ၄ (စ) ပေါ့။ အချိန်မရွေး အင်အားသုံးပြီး ဖျက်လို့ရတယ်။ အဲဒီလို မလုပ်ချင်လို့ ကျွန်တော်တို့က စည်းရုံးရေး နည်းနဲ့သွားနေတာ။ အကုန်လုံးက ရေမဆေးသမားတွေချည်းပဲ။ ပြောင်းရွှေ့ပြီးသား အိမ် ထောင်စု ၁၀၀၀ ဝန်းကျင်လောက်ရှိပါပြီ” ဟု ဦးခင်မောင်ဆင့်က ပြောကြားသည်။
နန်စီပွန်ရတနာနယ်မြေမှ ရေမဆေးရှာဖွေသူများသည် သက်ဆိုင်ရာမှ ချမှတ်ပေးထားသော နေရာသို့ မပြောင်းရွှေ့လိုကြဘဲ ယခုလက်ရှိနေရာတွင်သာ ဆက်လက်နေထိုင်လိုကြကြောင်း သိရသည်။
“ဘယ်သူမှ မပြောင်းချင်ကြပါဘူး။ မတတ်သာလို့သာ ပြောင်းကြရတာပါ။ ဟိုမှာက ရေလည်းရှားတယ်။ နေထိုင်ရတာလည်း အဆင်မပြေဘူး။ နောက်ပြီး ကျွန်တော်တို့ အလုပ်အတွက်လည်း အဆင်မပြေဘူး။ ကျွန် တော်တို့က စွန့်ပစ်မြေစာမှာ ကျောက်ရှာတဲ့လူဆိုတော့ ဒီမြေစာပုံကိုပဲအမှီပြုပြီး မြေစာပုံ အနီးတစ်ဝိုက်မှာပဲ နေထိုင်ကြတာလေ။ အခု သူတို့ပြောင်းခိုင်းတဲ့နေရာနဲ့က အတော်လေး ဝေးသွားပြီ။ ကျွန်တော်တို့ပြောင်းပြီးရင် ဒီနေ ရာတွေအကုန်လုံး ကုမ္ပဏီက ခြံခတ်တော့မှာလို့ ကြားနေရတယ်။နေရတာအပြင် လုပ်ကိုင် စားသောက်ရတာပါ ခက်တော့မယ်။ တစ်ပိုင် တစ်နိုင်လုပ်ကွက်ချပေးတယ်ဆိုပေမယ့် အများစုက မလျှောက်ကြဘူး။ လျှောက်ဖို့အခက်အခဲလည်း ရှိနေကြတော့လေ။ ဒီနှစ်ဦးလောက်ကတည်းက ပြောင်းခိုင်းပေမယ့် နေရထိုင်ရတာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ မပြောင်းဘဲ ဆက်ပြီးနေကြတာ။ မပြောင်းရင် အရေးယူမယ်လို့ ကြေညာချက် ထုတ်ထားတော့ ပြောင်းရမှာပေါ့” ဟု နန်စီပွန် ရတနာနယ်မြေအတွင်းနေထိုင်သူ ရေမဆေး ရှာဖွေသူတစ်ဦးမှ ပြောသည်။
ခန္တီးရတနာနယ်မြေတွင် ကျောက်မျက်ရတနာများ တိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံသား ဒေသခံများအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို လက်လုပ် လက်စားလုပ်ကိုင်နိုင်ရန်အတွက် လက်လုပ်လက်စား တူးဖော်ခွင့်ချထားပေးနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခဲ့သည်။
ထိုစီမံချက် ပထမအဆင့်အနေဖြင့် ခန္တီး ရတနာနယ်မြေတွင် လုပ်ကိုင်နေသော ကျောက်မျက်တူးဖော်သည့် ကုမ္မဏီစွန့်ပစ်မြေ စာပုံများတွင် နေထိုင်သည့် ရေမဆေးရှာဖွေသူများအား နန်စီပွန်ရတနာနယ်မြေမကျန် ခလုပ်ကွက်သစ်အနီးတွင် ပြောင်းရွှေ့နေထိုင်ရန် အကွက်နေရာ ၁၁၁၀ သတ်မှတ်ပေး၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြောင်း ရွှေ့နေထိုင်စေခဲ့သည်။ ပြောင်းရွှေ့နေထိုင်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်