
မန္တလေးမြို့တွင် ကျင်းပပြုလုပ်နေသော မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီး ဘုရားပွဲဈေးတွင် စကားများရန်ဖြစ်မှု အောက်တိုဘာ၂၅ ရက် ည ၁၀နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓားထိုးမှုကြောင့်အရပ်ဝတ်ဖြင့် ဘုရားပွဲဈေး လျှောက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဖက်အဖွဲ့မှ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမှတ် (၂)နယ်မြေရဲစခန်းမှ သိရသည်။
ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရဲတပ်သားကျော်ဇင်စိုးသည် တာဝန်ချိန်ပြီးနောက် သူငယ်ချင်းများနှင့်အတူ ကျောက်တော်ကြီး ဘုရားပွဲဈေးသို့ လျှောက်ခဲ့ကြောင်း၊ ထိုသို့ လျှောက်နေစဉ် လမ်းလျှောက်လာသည့် တခြားအဖွဲ့မှ တစ်ဦးနှင့် ရဲတပ်သားကျော်ဇင်စိုးတို့အဖွဲ့မှ တစ်ဦး ပခုံးချင်းတိုက်မိခဲ့ရာ စကားများရန်ဖြစ်ခဲ့ပြီး ထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အဖွဲ့ထဲမှ တစ်ဦးက ရဲတပ်သား ကျော်ဇင်စိုးအား ဓားဖြင့်ထိုးပြီး အုပ်စုလိုက် ထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဓားထိုးမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့မှ ချက်ချင်းလာရောက်ခဲ့ရာ တစ်ဦးကို ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး ကျန်သူများအားလုံးကို နံနက်၂ နာရီဝန်းကျင်တွင် ဖမ်းဆီးရမိခဲ့သည်ဟုလည်း သိရသည်။
“ထိုးခံလိုက်ရတဲ့ရဲတပ်သားက ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ။ ကျောက်တော်ကြီးဘုရားမှာ တာဝန်ကျနေတဲ့သူ မဟုတ်ပါဘူး။ ဂျူတီချိန်းပြီးလို့ အရပ်ဝတ်နဲ့ပဲ သူငယ်ချင်းတွေနဲ့ ဘုရားပွဲဈေးလျှောက်ရင်း ဖြစ်သွားတာပါ။ ဓားနဲ့ထိုးတာကတော့ တစ်ယောက် ပေါ့။ ဒါပေမဲ့ ဟိုဘက်ကရန်ဖြစ်တဲ့ အုပ်စုက ၁၈ယောက်ပါ။ အကုန်လုံးကို ဖမ်းဆီးထားပြီး တရားရုံးမှာ ချုပ်မိန့် ရမန်ယူဖို့ ဆောင်ရွက်နေပါတယ်” ဟု အမှတ်(၂)ရဲစခန်းမှူး ရဲအုပ်မျိုးညွန့်က ပြောကြားသည်။
ရဲတပ်သားကျော်ဇင်စိုးအား ဓားဖြင့် ထိုးခဲ့သူမှာ ထက်နိုင်ဝင်းဆိုသူဖြစ်ပြီး ၎င်းတို့ ၁၈ ဦးလုံးသည် ပုသိမ်ကြီးမြို့နယ် ပုဏ္ဏာကုန်း ကျေးရွာမှလာရောက်ကြသူများဖြစ်ပြီး အသက်၁၅နှစ်မှ ၂၂ နှစ်ဝန်းကျင်လူငယ်များ ဖြစ်ကာ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် စကာများရန်ဖြစ်ရာမှ ဓားဖြင့်ထိုး လူသေစေသည်အထိ ဖြစ်စေခဲ့သူ ထက်နိုင်ဝင်း(၂၂ နှစ်)အပါအဝင် ၁၈ ဦးအား အမှတ်(၂)နယ်မြေရဲစခန်း တွင်အမှုဖွင့်အရေးယူခြင်းနှင့်တရားရုံးတွင် ချုပ်မိန့်ရမန်ရယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်