Top News

မန္တလေးတိုင်းအတွင်းရှိ တောင်သူများအား ဆောင်းသီးနှံအတွက် ယမန်နစ်ကထက်ပိုမိုပြီး စိုက်ပျိုးစရိတ် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် ထုတ်ချေးပေးမည်
24htopnews | January 8, 2025 4:12 AM CST

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တောင်သူလယ်သမားများ ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်အဖြစ် ယခင်နှစ်ချေးငွေ ပမာဏထက် ပိုမိုပြီး စိုက်ပျိုးရေးစရိတ်ကို ကျပ်သိန် ပေါင်း ခုနစ်သောင်းကျော်ထုတ်ချေးပေးမည်ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ)မှ သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခုနှစ်တွင် တစ်ဧက စိုက်ပျိုးရေးစရိတ်ချေး ငွေပိုလာသည့်အတွက် တောင်သူများ ပိုတိုးလာပြီး နောက်ထပ် ဆောင်းသီးနှံစိုက်ပျိုးမှု ဧရိယာဧကကို တိုးချဲ့စိုက်ပျိုးလာသည့် အတွက်  ယခုလို ချေးငွေပမာဏ ယမန်နှစ်က ထက်တက်လာကြောင်း လက်ရှိအစိုးရသစ် လက်ထက်တွင် ဆောင်းချေးငွေကို နှစ်သောင်း မှ ငါးသောင်းအထိ တိုးမြှင့်ပြီး ချေးပေးခဲ့ပြီး ယခုနစ်တွင် ငါးသောင်းကနေ တစ်သိန်းအထိ တိုးမြှင့်ပြီး ချေးပေးသည့်အတွက် ချေးငွေ ပမာဏကလည်း တိုးမြှင့်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဆောင်းချေးငွေ တွင် ကျပ်သိန်း ပေါင်း ၁၁၈၂၆၀ ဒသမ ၅၀ ချေးပေးခဲ့ပြီး အခုနှစ်ဆောင်းချေးငွေကို ရုံးချုပ်ကနေ ကျပ်သိန်းပေါင်း၁၉၆၁၀၅ ခွင့်ပြုထားပေးခဲ့ရာ ယခင်နှစ်ထက် ကျပ်သိန်းပေါင်းခုနစ်သောင်းကျော် ထုတ်ချေးပေးဖို့ ရှိတယ်” ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေး ဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးစုက ပြောကြားသည်။

“ကျွန်တော်တို့ စိုက်ဘဏ်ရုံးချုပ်ကနေ မန္တလေးတိုင်းအတွင်း ၁၄ မြို့နယ်က တောင်သူများကို ဆောင်းသီးနှံ ချေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၉၆၁၀၅ အဖြစ် ခွင့်ပြုထား တယ်။ ယခင်နှစ်က ၁၁၈၂၆၀ ဒသမ ၅၀ သိန်း ထုတ်ချေးပေးခဲ့တယ်။ ယခင်နှစ်ကထက် အခုချေးငွေက ပိုတယ်။ ချေးငွေပို့ရတဲ့ရည် ရွယ်ချက်ကတော့ ယနေ့ ချေးငွေနှုန်းထားတွေကို တိုးမြှင့်ပြီး ထုတ်ချေးပေးနေတယ် ။ ဒါကလည်း ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ပထမဆုံး နှစ်သောင်းကနေ ငါး သောင်းအထိ ချေးငွေ တိုးမြှင့်ပြီး ချေးပေးခဲ့တယ်။ အခုတစ်ခါ တောင်သူတွေရဲ့ လိုအပ်ချက်အရ စိုက်ပျိုးစရိတ် ကုန်ထုတ်လုပ်မူှုတွေ ကုန်သွင်းအားစုတွေကလည်း ကြီးမြင့်လာခဲ့တဲ့အတွက် တောင်သူတွေ ကာမိစေရန်အတွက် ကျွန်တော်တို့ အခုဆောင်းသီးနှံကို ငါးသောင်းကနေ တစ်သိန်းဆိုပြီး ခွင့်ပြုပေး ထားပါတယ်။ ဒါကြောင့်မို့ ယခင်နှစ်တွေကထက် ဆောင်းသီးနှံချေးငွေက ပိုမိုပြီး ခွင့်ပြု ထားတာဖြစ်ပါတယ်။ထုတ်ချေးတဲ့ နည်းလမ်း စနစ်က ၂၀၁၈ မိုးသီးနှံချေးငွေလိုပဲ ပုံစံ ၇ အပ်နှံပြီးတော့မှပဲ စိုက်ဘဏ်အနေနဲ့ ထုတ်ချေးပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မိုးချေးငွေကို ချေးထားရင် နောက်ထပ် ဆောင်းသီးနှံ ချေးငွေယူချင်ရင် ပုံစံ ၇ ကို အပ်နှံရပါ မယ်။ တကယ်၍ ချေးငွေအတွက်က တစ်ကွက်တည်းအတူတူဖြစ်နေရင် ပြီးခဲ့သည့် မိုးချေးငွေ တွေကို ပြန်ဆပ်ပြီးတော့မှာသာလျှင် ၎င်း ပုံစံ ၇ ဖြစ် ပြန်လည်ချေးရမှာ ဖြစ်ပါတယ်။ အကယ်၍ ဆောင်းသီးနှံ ချေးငွေ ချေးမည်ဆိုရင် ပုံစံ ၇ သီးသန့် ဘဏ်ကို အပ်နှံပြီး ထုတ်ချေးလို့ရမှာ ဖြစ်ပါတယ်။ အတိုးနှုန်းတွေ က အတူတူပါပဲ။ကျွန်တော်တို့ မိုးချေးငွေ လို့ပါပဲ ၈ရာခိုင်နှုန်းဖြင့် ချေးပေးသွားမှာဖြစ်ပါတယ်။  ဘဏ်အတိုးနှုန်းက သတ်မှတ်ကာလ ကျော်လွန်သွားရင် တစ်ရာခိုင်နှုန်းကောက်ခံ သွား မှာပါ။ကျွန်တော်တို့ ဆောင်းသီးနှံချေးငွေကို  အောက်တိုဘာ ၂၆ ရက်ကနေ ဒီဇင်ဘာလ အကုန်အထိ ချေးပေးသွားမှာ ဖြစ်ပါတယ်” ဟု  ဆက်လက်ပြောကြားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယာသီးနှံများ စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေအနေဖြင့် ယခင်က တစ်ဧကလျှင် ငွေကျပ်ငါးသောင်းကျပ်နှုန်းဖြင့်သာ ထုတ်ချေးပေးရာမှ ယခုဘဏ္ဍာနှစ်တွင် တစ်ဧကလျှင်တစ်သိန်းနှုန်းအထိ တိုးမြှင့်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇)မူရင်းကို ဘဏ်တွင် အပေါင်ထားရှိပြီး တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံ စနစ်နှင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ထုတ်ချေး ပေးမှုကို အောက်တိုဘာ ၂၆ ရက်မှစ၍ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ပြီး အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ ကို တစ်လလျှင် ၆၇ ပြားနှုန်းဖြင့် တစ်နှစ်လျှင် ၈ ကျပ်နှုန်း ကျသင့်မည်ဖြစ်ကြောင်းနှင့် အဆိုပါချေးငွေများကို ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် အပြေအကျေ ပြန်လည် ပေးဆပ်သွားရမည် ဖြစ်ကြောင်း သိရသည်။          


READ NEXT
Cancel OK