
သီတင်းကျွတ် ပိတ်ရက်ကာလအတွင်း ရေယာဉ်များကို ခရီးသည်လိုက်ပါမှုအပေါ်မူတည်၍ တိုးချဲ့ပြေးဆွဲပေးရန်အတွက် ညွှန်ကြားထားသည်ဟု သိရသည် ။
“စစ်ဆေးရေး အဖွဲ့ကိုလည်း ပြောထားတယ်။ မလောက်လို့ရှိရင် နောက်တစ်စင်းထွက်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ထားဖို့ စာထွက်ထားတယ်။ သီတင်းကျွတ် မတိုင်ခင်ကတည်းက စာထွက်ထားတယ်။ ရေယာဉ်တိုးချဲ့ပြေးဆွဲပေးဖို့ပေါ့။ ဥပမာ ရေယာဉ်တစ်စင်း က ၃၇ ယောက်ဆံ့တယ်ဆိုရင်၊ ခရီးသည်က ၄၇ ယောက်လာတယ်ဆိုရင် နောက်တစ်စင်း ပြေးဆွဲပေးဖို့ပေါ့။ ရေယာဉ်တစ်စင်းထဲမှာ ပြွတ်သိပ်နေအောင်မဖြစ်ဖို့ပေါ့” ဟု မုံရွာမြို့ရစက ဥက္ကဋ္ဌဦးအာကာမြင့်က ဆိုသည်။
သီတင်းကျွတ်ကာလ ရုံးပိတ်ရက်ဖြစ်သည့်အပြင် အဝေးသင်တက္ကသိုလ်ကျောင်းဖွင့်ချိန်ဖြစ်သည့်အတွက် အထက်ချင်းတွင်း ဒေသနှင့် မုံရွာမြို့တို့ ပြေးဆွဲသော ရေယာဉ်များတွင် ခရီးသည်များပြားသည့်အချိန် ဖြစ်သည့်အတွက် ခရီးသည်များ အဆင်ပြေစေရန် ရေယာဉ်များတိုးချဲ့ ပြေးဆွဲလျက်ရှိသည်။
“သီတင်းကျွတ် မတိုင်ခင်ကာလတုန်းကတော့ ခရီးသည် တော်တော်များပါတယ်။ အဝေးသင်ကျောင်းသားသွားတဲ့ ကာလလည်း ဖြစ်နေတယ်။ လူပိုတင်တာတို့ ခရီးသည် ပိုတင်တာတော့ မတွေ့ပါဘူး ။ တိုင်းရစကက အခါအားလျော်စွာ ပို့တဲ့ညွှန်ကြားချက်တွေအရ ဆောင်ရွက်နေပါတယ်။ စစ်ဆေးရေးအဖွဲ့ကလည်း အမြဲတမ်းအချိန်ပြည့်၊ ဌာနဆိုင်ရာ၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ပူးပေါင်းဆောင်ရွက်နေတယ်။ နောက် တစ်ရက်နှစ်ရက်ဆို ခရီးသည်များလာတော့မယ်။ ခါတိုင်းတော့ ဒီအချိန်က ရေယာဉ် အန္တရာယ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အချိန်မို့ အန္တရာယ်မဖြစ်အောင် ဆောင်ရွက်နေပါတယ်” ဟု ကလေးဝမြို့ ရစကအဖွဲ့မှ ကိုဖြိုးသော်ဦးက ပြောကြားသည်။
ယခုကာလသည် ရေယာဉ်များအနေဖြင့် နှစ်စဉ်နီးပါး တိမ်းမှောက်မှုဖြစ်လေ့ဖြစ်ထရှိသည့် အချိန်ဖြစ်ပြီး ရေအတက်အကျ ပြောင်းလဲမှုကာလလည်းဖြစ်သည့်အတွက် ရေယာဉ်များအနေဖြင့် သတိထားမောင်းနှင်ရန်လိုအပ်သည်ဟု သိရသည် ။
“ဒီလိုအချိန်က ရေအတက်အကျ အပြောင်းအလဲများတဲ့ အချိန် ၊ ရေနည်းကာလဘက်ကို ရောက်သွားပြီ။ ရေယာဉ်မှာ လိုက်ပါမယ့် ခရီးသည်ကလည်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ အဝေးသင် ကျောင်းသွားတက်ကြနဲ့ ခရီးသည်များတဲ့ အချိန်ဖြစ်နေတယ်။ ဒါ့ကြောင့် ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မြို့တွေက ရစကတွေက ရေယာဉ်တွေကို သေသေချာချာ ကြီးကြပ်ထိန်းသိမ်းပေးစေချင်ပါတယ်”ဟု အထက်ချင်းတွင်းမှ ခရီးသည်တစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်