
မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါ ရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ၇၅ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲကို အစဉ်အ လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ရန် သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်၊ ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ၇၅ ရက် ကြာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အ ရပ်ရပ်မှ ဘုရားဖူးလာခရီးသွားပြည်သူများ အဆင်ပြေပြေဖူးမြော်နိုင်ရန် တည်းကျောင်း ပေါင်း ၆၀၀ ကျော်၊ စျေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဆောက်လုပ်ကာ စည်ကားသိုက်မြိုက် စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်ကလည်း မကွေးတိုင်းဒေသ ကြီး မင်းဘူး (စကု) မြို့နယ်အတွင်း နှစ်စဉ်တ ပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက် အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို အစဉ်အလာမပျက်ကျင်းပခဲ့ ကာ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ သည်။ ၂၀၂၄ ခုနှစ်က မန်းရွှေစက်တော်ဘုရား ပွဲတော်ကို ၆၄ ရက် ကြာ ကျင်းပခဲ့သည်။
အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲ တော်ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ်ကာ အပူ ဇော်ခံလေ့ရှိကြောင်း၊ ပွဲတော်ပိတ်ပွဲနေ့တွင် စက်တော်ရာ နှစ်ဆူကို ပြန်လည်ပိတ်ထားလေ့ ရှိကြောင်း၊ အောက်စက်တော်ရာကို အလင်း ပေါက်ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသော ကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း မြင် တွေ့ဖူးမြော်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်