Top News

နစက ဥက္ကဋ္ဌထံ အီရန်နိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး သိပ္ပံနည်းပညာနှင့် ကာကွယ်ရေး ကဏ္ဍအပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင် ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး
24htopnews | January 8, 2025 8:12 PM CST

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခ န့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်အပြီးတွင် နစက ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများ၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့ များ ဖိတ်ခေါ် သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK