Top News

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကော်တင်ဟို (၃)လခန့် အနားယူရမည်ဖြစ်ပြီး အသင်း၏ဒဏ်ရာပြဿနာများအား နည်းပြ ကိုးမန်း ညည်းတွား
24htopnews | January 9, 2025 12:12 PM CST

ဘာစီလိုနာအသင်း၏ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုသည် ဒူးဒဏ်ရာခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး (၃)လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

ကော်တင်ဟိုသည် အီဘာအသင်းနှင့် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည့် လာလီဂါပွဲစဉ် (၁၆)တွင် ယင်းဒူးဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုအပြီးတွင် အနားယူရမည့်ကာလကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ကော်တင်ဟို ၏ ကာလရှည်အနားယူရမည့်ဒဏ်ရာသတင်းမှာ ဘာစီလိုနာနှင့် နည်းပြ ကိုးမန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ကော်တင်ဟိုအနေဖြင့် PSG အသင်းနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်(၂)ကျော့စလုံးကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းသည် ယခုရာသီတွင် စပိန်လာလီဂါပြိုင်ပွဲ၌ ရလဒ်ယိမ်းယိုင်မှုများကြုံတွေ့နေသလို၊ အသင်းအနေဖြင့်လည်း ဖိအားများဖြင့် ရင်ဆိုင်နေရချိန်တွင် ဒဏ်ရာပြဿနာများမှာ အသင်းအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကြောင်း နည်းပြ ရော်နယ်လ်ကိုးမန်းက ပြောကြားခဲ့သည်။

ကိုးမန်းက ''ဒီအရာ(ကော်တင် ဟို၏ဒဏ်ရာ)ဟာ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ နောက်ထပ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ အန်ဆူဖာတီ၊ ပီကေး၊ ဆာဂျီရောဘတ်တိုတို့ဟာလည်း အသင်းအတွက် အရေးပါသူတွေပါ။ ကျွန်တော်တို့ရဲ့ကစားသမားတွေ ကို ဒဏ်ရာကြောင့် ဆုံးရှုံးနေရပါတယ်။ ဒါဟာ ပြဿနာပါပဲ။ အသင်းမှာ ကာလရှည်ဒဏ်ရာပြဿနာတွေ များနေပြီး အခုလည်း ကော်တင်ဟိုကို ထပ်ပြီး ဆုံးရှုံးရပါဦးမယ်''ဟု ကော်တင်ဟို၏  ဒဏ်ရာနှင့်ပတ်သက်၍ ဆိုခဲ့သည်။


READ NEXT
Cancel OK