
နှစ်သစ်ကူးအကြိုညတွင် ဖူလ်ဟမ်အသင်း၏ဆားဘီးယားတိုက်စစ်မှူး မီထရိုဗစ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်း၏ ဆားဘီးယားကွင်းလယ်လူ မီလီဗိုယီဗစ်တို့ အတူပျော်မြူးနေကြသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် ဖူလ်ဟမ်အသင်းနှင့် ခရစ္စ တယ်ပဲလေ့စ်အသင်းတို့သည် ယင်းဖြစ်ရပ်အား ပြန်လည်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Instagram တွင် ထွက်ပေါ်လာသော ယင်းဗီဒီယိုဖိုင်၌ မီထရိုဗစ်နှင့် မီလီဗိုယီဗစ်တို့သည် အခြားလူပုဂ္ဂိုလ် (၇)ဦးခန့်နှင့်အတူ အခန်းကျယ်တစ်ခုအတွင်းရှိနေပြီး ''Happy New Year''ဆိုသည့် အော်ဟစ်သံများကိုလည်း ကြားခဲ့ရကြောင်း သိရသည်။
Tier 4 ဧရိယာသတ်မှတ်ထားသော လန်ဒန်မြို့တွင် ယင်းကဲ့သို့ အိမ်ထောင်စုတစ်ခုနှင့်တစ်ခု ပူးပေါင်းပြီး လူစုဝေးခွင့်မရှိရာ မီထရိုဗစ်နှင့် မီလီဗိုယီဗစ်တို့၏လုပ်ရပ်များမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာကျနေသည်။
ယင်းဗီဒီယိုဖိုင်ကို မီထရိုဗစ်၏ချစ်သူ ယန်ယစ်က ရိုက်ကူးကာ Instagram သို့ တင်ခဲ့ခြင်းဖြစ်ပြီး မီလီဗိုယီဗစ်၏ဇနီးဖြစ်သူ မီလီကာကိုလည်း Tag တွဲခဲ့ကြောင်း သိရှိရသည်။
များမကြာမီအချိန်တွင် ယန်ယစ်သည် သူ၏ Instagram အကောင့်ကို ဖျက်သိမ်းခဲ့သော်လည်း ယင်းဗီဒီယိုဖိုင်မှာ အွန်လိုင်း၌ ပျံ့နှံ့ခဲ့ကြောင်း သိရှိရသည်။
မီထရိုဗစ်ကစားနေသော ဖူလ်ဟမ်အသင်းမှာ မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသည့် အသင်းများထဲ၌ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်အတွင်း ကစားရန်ရှိသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲကို ရွှေ့ဆိုင်းထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်