Top News

စာချုပ်သစ် မချုပ်နိုင်သေးသည့် ပေါ့ဘာကို လာမည့်နွေရာသီတွင် မန်ယူအသင်း ရောင်းချတော့မည်ဟု ဗြိတိန်မီဒီယာများဖော်ပြ
24htopnews | January 9, 2025 12:12 PM CST

မန်ယူအသင်းသည် အသင်းနှင့် စာချုပ်သစ်မချုပ်ဆိုနိုင်သေးသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား လာမည့်နွေရာသီတွင် ရောင်းချတော့မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော် ပြခဲ့ကြသည်။

ဗြိတိန်သတင်းစာ Mirror တွင် ဖော်ပြခဲ့သောသတင်းအရ မန်ယူအသင်းတာဝန်ရှိသူများသည် ပေါ့ဘာအနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုတော့မည်မဟုတ်ဟု ယူဆနေကြပြီး ၎င်းကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားရန်ရည်ရွယ်ချက်အား စွန့်လွှတ်ရန်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် အသက် (၂၇)နှစ်အရွယ်ပေါ့ဘာကို ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ၎င်းအနေဖြင့် လက်ရှိတွင် တစ်ပတ်လစာ ငွေပေါင် (၂၉၀၀၀၀)ခန့် ရရှိနေသည်။ 

ပေါ့ဘာကို လာမည့်နွေရာသီ၌ ခေါ်ယူရန် ဥရောပအသင်းကြီး (၃)သင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ယင်းအသင်းများမှာ ၎င်းကို ကာလရှည်ပစ်မှတ်ထားခဲ့သည့် ရီးယဲလ်အသင်း၊ ၎င်း၏အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းနှင့် PSG အသင်းတို့ဖြစ်ကြောင်း သိရှိရသည်။

ပေါ့ဘာသည် ၂၀၁၆ နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့(ထိုစဉ်က)ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

သို့သော် လက်ရှိ၌ ၎င်း၏တန်ဖိုးမှာ ပေါင် (၅၈)သန်းဝန်းကျင်သာရှိကြောင်း အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Transfermarkt က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK