Top News

အီလွန်မက်ခ် ဝယ်ယူရန် စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်အသင်းကို ရောင်းချရန် အသင်းပိုင်ရှင်များ ဆန္ဒမရှိ
24htopnews | January 9, 2025 5:12 PM CST

လီဗာပူးလ်အသင်း၏အမေရိကန်ပိုင်ရှင်များဖြစ်သည့် Fenway Sports Group သည် ၎င်းတို့အသင်းကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်ခ် ဝယ်ယူရန် စိတ်ဝင်စားနေသော်လည်း ရောင်းချရန် ဆန္ဒမရှိကြောင်း သိရှိရသည်။

Times Radio နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အီလွန်မက်ခ်၏ ဖခင်ဖြစ်သူ အာရိုးလ်မက်ခ်က အီလွန်မက်ခ်အနေဖြင့် ဘွားအေဖြစ်သူ လီဗာပူးလ်တွင် မွေးဖွားကြီးပြင်းခဲ့ကြောင့် လီဗာပူးလ်မြို့အပေါ် သံယောဇဉ်ရှိပြီး လီဗာပူးလ်အသင်းကို ဝယ်ယူရန်ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

ယင်းသတင်းထွက်ပေါ်လာပြီးနောက် လီဗာပူးလ်အသင်းပိုင်ရှင်များအနေဖြင့် အသင်းကို ရောင်းချရန် ဆန္ဒမရှိသလို၊ လက်ရှိတွင် အသင်းကို ဝယ်ယူရန် အီလွန်မက်ခ်ဘက်မှလည်း ချဉ်းကပ်ခြင်းမရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အမေရိကန်စီးပွားရေးသမား ဂျွန်ဟင်နရီ ဦးဆောင်သည့် Fenway Sports Group သည် ၂၀၁၀ အောက်တိုဘာလတွင် လီဗာပူးလ်အသင်းကို အမေရိကန်သူဌေးများဖြစ်သည့် ဂီလ်လက်စ်နှင့် တွမ်ဟစ်ခ်တို့ထံမှ ပေါင်သန်း (၃၀၀) ဖြင့် ဝယ်ယူခဲ့သည်။

လီဗာပူးလ်အသင်းသည် Fenway Sports Group လက်ထက်တွင် အောင်မြင်မှုများ ရရှိခဲ့ပြီး လက်ရှိအသင်း၏တန်ဖိုးမှာ ပေါင် (၄.၃) ဘီလီယံအထိ ရှိလာခဲ့သည်။

သို့သော် ယင်းပမာဏမှာ အီလွန်မက်ခ် ပိုင်ဆိုင်မှု၏ (၁) ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။ 


READ NEXT
Cancel OK