Top News

■ ပန်းဘဲတန်းမြို့နယ် ရွှေချစ်သူ စိန်ရွှေရတနာ ဆိုင်အတွင်းသို့ အမျိုးသားသုံးဦးက သေနတ်နှင့်ဓားပြပြီး ငွေ နှင့် ရွှေထည်များအား  လုယက်
24htopnews | January 9, 2025 7:12 PM CST

ပန်းပဲတန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ လမ်း (၃၀)အလယ်ဘလောက်၊ ပထမထပ်တွင်  ဖွင့်ထားသည့် ရွှေချစ်သူ စိန်ရွှေရတနာ ဆိုင်အတွင်းသို့ ဇန်နဝါရီ ၈ ရက်၊ နံနက်ပိုင်းက အမျိုးသားသုံးဦးက  ဆိုင်အတွင်းသို့ သေနတ်တစ်လက်နှင့် ဓားပြကာ ခြိမ်းခြောက်ခဲ့ပြီး ငွေ နှင့် ရွှေထည်များအား  လုယက်သွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

 

အခင်းဖြစ်တဲ့ချိန် ဆိုင်မှာ ပိုင်ရှင်အမျိုးသမီးရယ်၊ဝန်ထမ်းအမျိုးသမီးနဲ့ မန်နေဂျာအမျိုးသားတစ်ဦးရှိတယ်လို့ ကြားရတယ်။ဆိုင်က တန်ဖိုးကြီးတဲ့ ရွှေထည်တွေရော ငွေတွေရော ဖုန်းတွေပါ လုခံလိုက်ရတယ်။ နောက်ပြီး ဆိုင်က  ရေချိုးခန်းအတွင်း ပိတ်လှောင်ထားခဲ့တယ်လို့ သိရပါတယ် ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဖြစ်စဉ်နျင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဖြစ်စဉ်က မှန်ပါတယ်။ မနက် ၉ နာရီလောက်က လမ်း ၃၀ က ရွှေဆိုင်မှာ ဖြစ်သွားတာပါ။ ကျူးလွန်သူကို ဖမ်းမိဖို့ စုံစမ်း စစ်ဆေး နေပါတယ် ” ဟု ပြောကြားသည်။

 

ရွှေချစ်သူ စိန်ရွှေရတနာ ဆိုင် လုယက်ခံရသည့် ဖြစ်စဉ်မှ ကျပ်သိန်း ၅၀၀ ခန့် ရွှေထည် ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရသည်ဟု သိရပြီး အရေအတွက် နှင့် ကာလတန်ဖိုးကို ဆက်လက် စုံစမ်း စစ်ဆေး နေဆဲ ဖြစ်ပါသည်။

 

 

 

 

 


READ NEXT
Cancel OK