Top News

အိန္ဒိယဘုရားကျောင်းတွင် လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီး လူခြောက်ဦး သေဆုံး
24htopnews | January 9, 2025 8:12 PM CST

အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘာသာရေးစုဝေးပွဲတစ်ခုတွင် လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီး လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ကာ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။လူအုပ်ကြီးသည် အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ Sri Venkateswara Swamy ဘုရားကျောင်းတွင်းသို့ ဝင်ရောက်ရန် ဝင်ပေါက်တိုကင်ရယူရန်စုဝေးနေချိန် ဇန်နဝါရီ ၈ ရက်က လူအုပ်ကသောင်းကနင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်မှာ လူခြောက်ဦး သေဆုံးသွားပါတယ်”ဟုပြည်နယ် အာဏာရ Telugu ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပရမ်ကူးမားဂျိမ်းကဆိုသည်။ ဝန်ကြီးချုပ်နရင်ဒရာမိုဒီက သေဆုံးသွားသူများအတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူစိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

လူအုပ်စီမံခန့်ခွဲမှု အားနည်းခြင်းနှင့်ဘေးကင်းလုံခြုံမှုစီမံချက်များမရှိခြင်းကြောင့် အဓိက ဘာသာရေးပွဲတော်များအတွင်း အိန္ဒိယတွင် ဘုရားဖူးနေရာများ၌ လူသေဆုံးမှုဖြစ်စေ သောမတော်တဆမှုများဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်ဇူလိုင်လကလည်း ဥတ္တရာပရာ ဒက်ရှ်ပြည်နယ်တွင် ဟိန္ဒူဘာသာရေးစုဝေး ပွဲအတွင်း လူ ၁၂၁ ဦးသေဆုံးခဲ့သည်။

Ref: AFP


READ NEXT
Cancel OK