Top News

လော့စ်အိန်ဂျလိစ်တွင် တောမီးလောင်ကျွမ်းမှုများကြောင့် နာမည်ကြီးအနုပညာရှင်များနှင့် လူပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ
24htopnews | January 9, 2025 8:12 PM CST

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေသဖြင့် နာမည်ကြီးအနုပညာရှင်များနှင့် လူပေါင်းသိန်းချီ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ဟောလီးဝုဒ်ပွဲအခမ်းအနားများကိုလည်း ဖျက်သိမ်းခဲ့ရသည်။

လေပြင်းများ တိုက်ခတ်မှုကြောင့် တောမီးကူးစက်လောင်ကျွမ်းမှုသည် ပိုမိုလျှင်မြန်ပြီး အားကောင်းလာခဲ့ကာ ဒေါ်လာသန်းချီတန်သည့် နေအိမ်များအပါအဝင် အဆောက်အအုံများစွာ မီးထဲပါသွားခဲ့ပြီး နစ်နာဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၅၀ ဘီလျံကျော်ရှိနိုင်ကြောင်း ခန့်မှန်းချက်များထွက်ပေါ်နေသည်။

သမိုင်းဝင်ဟောလီးဝုဒ်ရပ်ကွက်အပါအဝင် လော့စ်အိန်ဂျလိစ်၏ မတူညီသည့် နေရာငါးနေရာတွင် တောမီးများလောင်ကျွမ်းနေခြင်းဖြစ်ပြီး လူပေါင်း ၁၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

ဇန်နဝါရီ ၇ ရက်က စတင်လောင်ကျွမ်းခဲ့သည့် အဆိုပါတောမီးကြောင့် လူငါးဦးထက် မနည်းသေဆုံးခဲ့ပြီး မီးသတ်သမားများက မီးကိုငြိှမ်းသတ်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ 

ထိုတောမီးလောင်ကျွမ်းမှုများကြောင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ယခုသီတင်းပတ်အတွင်း အီတလီသို့သွားမည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး တောမီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်ကို အာရုံစိုက်လုပ်ဆောင်နေသည်။


READ NEXT
Cancel OK