
ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်လာရန် သီတင်းနှစ်ပတ်ပင်မလိုတော့ချိန်တွင် ယူကရိန်း၏အနောက်မဟာမိတ်များသည် ယူကရိန်းအတွက်၎င်းတို့၏နောက်ဆုံး အစည်းအဝေးအဖြစ် ဇန်နဝါရီ ၉ ရက်တွင် ဂျာမနီနိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်း၌ သမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့်တွေ့ဆုံ မည်ဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက် အော်စတင်သည် နိုင်ငံ ၅၀ ခန့်မှ ကိုယ်စားလှယ်များ ပါဝင်မည့် အစည်းအဝေး၌ ယူကရိန်းအတွက် များပြားလှသော စစ်ရေးအကူအညီများကို ကြေညာမည်ဟု မျှော်လင့်ရ သည်။ ယခုပြုလုပ်မည့် အစည်းအဝေးသည် ရမ်စတိန်းလေတပ်အခြေစိုက်စခန်း၌ ယူကရိန်းနှင့်စပ်လျဉ်း၍ပြုလုပ်သော ၂၅ ကြိမ်မြောက်အစည်းအဝေးဖြစ်လာမည်ဖြစ်သည်။
ယူကရိန်းသမ္မတက အစည်းအဝေးတက်မည်ဟု ဇန်နဝါရီ ၈ ရက်ညပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရု၊ အီးယူ နိုင်ငံခြားရေး မူဝါ၏အကြီးအကဲ ခါဂျာခါလက်စ်တို့သည် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘော်ရစ်ပစ္စတိုးရီးယက်စ်နှင့်အတူ Ukraine Defence Contact Group အ စည်းအဝေးကို တက်ရောက်မည်ဟု မျှော်လင့်ရသည်။
ရုရှားနှင့်ယူကရိန်းတပ်ဖွဲ့များသည် ထရန့်၏ဇန်နဝါရီ ၂၀ ကျမ်းကျိန်ပွဲမတိုင်မီစစ်မြေပြင်တွင် ခိုင်ခိုင်မာမာ နေရာယူထားမှု သေချာစေရေးအတွက်သုံးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သောစစ်ပွဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
ယူကရိန်းအတွက် အမေရိကန်စစ်ရေးအကူအညီများကို ဝေဖန်ခဲ့သည့် ဒေါ်နယ်ထရန့် သမ္မတဖြစ်လာသည့်အခါ ၎င်းက စစ်ပွဲမြန်မြန်ပြီးသွားစေရန် ဆောင်ရွက်မည်ဟု ကတိပေးထားသည်ဆိုသော်လည်း အပစ် အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းရေးသဘောတူညီချက်အတွက် ခိုင်မာသော အဆိုပြုချက်များကို ချပြခြင်းမရှိပေ။
သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်း၏စစ်အတွင်းအကြီးမားဆုံး ထောက်ပံ့သောနိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၆၅ ဘီလျံပံ့ပိုးပေးထားသည်။ ဇန်နဝါရီ ၉ ရက်အစည်းအဝေးတွင် အမေရိကန်ကယူကရိန်းအတွက်များပြားလှသော စစ်ရေးအကူအညီများကို ကြေညာမည်ဟု မျှော်လင့်ရ ကြောင်း အကြီးတန်းအမေရိကန်ကာကွယ်ရေးတာဝန်ရှိသူက ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
ဂျာမနီသည် ယခုနှစ်အတွက် ပံ့ပိုးပေးထားသော ငွေများအပါအဝင် လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာဘီလျံ ၃၀ ထောက်ပံံ့ပေးထားသောနိုင်ငံဖြစ်၍ ယူကရိန်းကို ဒုတိယအများဆုံး အကူအညီပေးထားသော နိုင်ငံ ဖြစ်သည်။
ယူကရိန်းနှင့်ပတ်သက်၍ အမေရိကန်ခေါင်းဆောင်မှုသည် အရေးကြီးသည်ဟု ဇန်နဝါရီ ၈ ရက်တွင် အော်စတင်က အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ယူကရိန်းအတွက် စဉ်ဆက်မပြတ်စစ်ရေးအကူအညီသည် သော့ချက်ကျသည်ဟု ဆိုသည်။
“ယူကရိန်းကို စစ်ရေးအကူအညီ ဆက်ပေးတာဟာ အရေးကြီးပါတယ်။ အခုအမေရိကန်က ဒီကြိုးပမ်းအားထုတ်မှုကို ဦးဆောင်ထားပါတယ်”ဟု အော်စတင်ကဆက်လက်ပြောကြားခဲ့သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်