
ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အလုပ်ပါမစ်သက်တမ်းတိုးရန် ဘတ်နှစ်သောင်းပေးရမည့် အစီအစဉ်ပယ်ဖျက်လိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတွေအကြား အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်ပါမစ်သက်တမ်းတိုးရန် ဘတ်ငွေ ၂၀၀၀၀ ပေးရမည်ဆိုသည့် ကိစ္စအား ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် မကြာသေးမီက လွှတ်တော် အစည်းအဝေးတစ်ခုတွင် အတိုက်အခံလွှတ်တော်အမတ်များက တောင်းဆိုပြီးနောက် ယင်းသို့ ပယ်ချလိုက်ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Phumphat Muanchan က ယေဘုယျအားဖြင့် လူတစ်ဦးလျှင် ဘတ်ငွေ ၇၆၀၀ ထက် မကျော်လွန်ဘဲ အဆိုပါပမာဏသည် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ကုန်ကျစရိတ်များ၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးအာမခံနှင့် ဘတ်ငွေတစ်ထောင် ပေးဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ဝင်ငွေကို ထည့်သွင်းစဉ်းစားရန် သက်တမ်းတိုးခသည် ကျိုးကြောင်းဆီလျော်မှု ရှိ၊ မရှိ မေးမြန်းရာတွင် လုပ်သားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် လိုအပ်သည့် ဆေးစစ်ခြင်းနှင့် အထောက်အထား စိစစ်ခြင်း ကုန်ကျစရိတ်တို့ကို ကာမိရန် လိုအပ်ကြောင်း Mr Phumphat က ပြောသည်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု သွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုနောက်ပိုင်းတွင် တရားမဝင် ဝင်ရောက်မှုများရှိသဖြင့် ထိုင်းအာဏာပိုင်များက ပိုက်စိပ်တိုက် ဖမ်းဆီးမှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်