
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်ရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြော ကြားသည်။
ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် လျှပ်စစ်နှင့် စွမ်း အင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာ ဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး ရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေး တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ နှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး ကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့် လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်း ကြောင်း (Development Trends)ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ ဖြေရှင်း နိုင်မည့် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ နေ့စဉ်လူနေ မှုဘဝ တိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ပိုမို ဝင်ရောက် လာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ရရှိ ရေးသည် အရေးကြီးသည့် အခြေခံအဆောက် အအုံ Infrastructure ဖြစ်နေသည့်အတွက် ကဏ္ဍနှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်း ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လျှပ်စစ်ကဏ္ဍတွင် မိမိတို့ နိုင်ငံရှိ လျှပ် စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ် အမျိုးမျိုး ရှိရာ ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy)အသုံးပြုမှုကို ယခု ထက် ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန် လည်း လိုအပ်ကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိ သည့်အတွက် သဘာဝဓာတ်ငွေ့ရည် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ် စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအနေအ ထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ် အားခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများ ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင် သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြု ပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အား အ ပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာ ဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများ ကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ လည်ပတ်မောင်းနှင်၍မရသည့် အခက်အခဲ များနှင့် ကြုံတွေ့နေရသော ကာလဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အား နှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓာတ် အား သုံးသူများကို တတ်နိုင်သလောက် အ ဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေ ကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက် သည့် နေရာတွင် လူစွမ်းအား အရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိက ကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ် နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက် ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များ ဖြစ်ရန် လိုအပ်ပြီး သက်ဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာ သုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာ ဝတီမြစ်ရေကို ထိန်း၍ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံ များ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း၊ ဧရာဝတီမြစ်အ တွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ် စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခု ရှိပြီး ဦးစား ပေး လေးနေရာအနက်မှ အသင့်လျော်ဆုံး တစ်နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှု ပြုထား၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပညာရှင်များက အကြံပြု ဆွေး နွေးပေးစေလိုကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြား သည်။
နိုင်ငံတကာတွင်လည်း ဆိုလာစွမ်းအင် ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့် နည်းတူ (Renewable Energy)အား အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံ သစ်များ တည်ဆောက်မည်ဆိုက ဆိုလာစနစ် ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ် များအား National Grid အတွင်း ပေးသွင်းနိုင် ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရ မည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေး စေလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍအနေဖြင့် လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ် များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့် မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်း လုပ်ငန်း များအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင် ရွက်သွားရမည်ဖြစ်၍ ဆောင်ရွက်သင့်သည် များကို အကြံပြုပေးစေလိုကြောင်း၊ လျှပ်စစ် နှင့်စွမ်းအင်လိုအပ်ချက်သည် ယခုထက်ပိုပြီး ဆက်လက်မြင့်တက်နေဦးမည်ဖြစ်၍ လုံ လောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လို အပ်နေဦးမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်း အင်ဖွံ့ဖြိုးရေးကော်မရှင် အဖွဲ့ဝင်များက လည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက် ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်အစီ အစဉ်များကို တင်ပြသွားကြစေလိုကြောင်း ၎င်းင်းက ပြောကြားသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံအင်ဂျင်နီယာကောင် စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက် ရောက်ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်