
Omini Focus ကုမ္ပဏီမှ YBS ကားများ ဝယ်ယူရန်ချေးငွေရယူထားပြီး သတ်မှတ်ထားသည့်အတိုင်း ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ဧရာဝတီဘဏ်မှ တရားစွဲဆိုထားကြောင်း သိရသည်။
ဧရာဝတီဘဏ်မှ တရားလိုပြုလုပ်ကာ ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်ရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တရားစွဲဆိုမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ်ရုံးက သြဂုတ် ၁၆ ရက်တွင် လက်ခံခဲ့ကြောင်းသိရသည်။
ချေးငွေရယူထားသူများ ပေးဆပ်ရန်ကာလအတွင်း လစဉ်အတိုးပေးသွင်းရန် ပျက်ကွက်မှုများအား ဘဏ်စည်းမျဉ်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်အတိုင်း တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ ဘဏ်မှတရားစွဲဆိုထားခြင်းနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းကြားခြင်း မျှရောက်ရှိမလာသေးကြောင်း Omini Focus ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်နေဝင်းကပြောကြားသည်။
“ဧရာဝတီဘဏ်က တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီ စာရွက်စာတမ်း ရောက်ရှိလာတာမရှိသေးပါဘူး။ ဘဏ်က တရားစွဲထားတယ်ဆိုတာကိုလည်း မသိပါဘူး။ စွဲလာမယ်ဆိုရင် ကျွန်တော်တို့ဘက်က အဆင့်သင့်ရှိပါတယ်။ အားလုံးပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် ဘာမှအထူးအဆန်းမဟုတ်ပါဘူး” ဟု ဦးကျော်နေဝင်းက ပြောကြားသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ပြင်ဆင်ထားသည့်အတွက် တရားရုံးသို့ရှေ့ဆက်သွားရန် အဆင်သင့်ရှိကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေလိုသည့် စိတ်ဆန္ဒမရှိကြောင်း၊ ဖြစ်ပျက်လာသည့်ကိစ္စအားလုံးကို တာဝန်ယူကြောင်း ဦးကျော်နေဝင်းက ပြောကြားသည်။
“ကျွန်တော်လုပ်ခဲ့တာ ကျွန်တော် တာဝန်ယူရမှာပဲလေ။ ဘဏ်နဲ့တရားစွဲတယ် ပြောပြော၊ ဘယ်သူနဲ့ စလုပ်ခဲ့တယ်။ ဘယ်သူနဲ့ ကျွန်တော်တို့လုပ်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အခုမှ ဘဏ်ဆိုတဲ့နာမည်ကြီး ထိုးထည့်ကြတာကို။ အဲဒီပေါ်မှာမူတည်ပြီးတော့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ကျွန်တော်တို့ဘက်က ဆုတောင်းပါတယ်” ဟု ဦးကျော်နေဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အများပြည်သူများ သွားလာမှုပိုမို၊ ချောမွေ့ လွယ်ကူစေရေးအတွက် ဆောင်ရွက်သည့် YBS စီမံကိန်းအား အထောက်အကူပြုစေရန် ဧရာဝတီဘဏ်အနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများသို့ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေများ ထုတ်ပေးခဲ့ကြောင်း၊ ယခုအခါ ပြန်လည် ပေးဆပ်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီများ အားလည်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တွေ့ဆုံညှိနှိုင်းတောင်းခံခြင်း၊ ဘဏ်မှတရား ဝင်ချေးငွေတောင်းခံလွှာပေးပို့ခြင်းနှင့် ဘဏ်ရှေ့နေမှ တရားဝင်ချေးငွေတောင်းခံလွှာပေး ပို့ခြင်းစသည်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ Yangon Region Transport Authority (YRTA) အဖွဲ့အား အကြောင်းကြားအကူအညီတောင်းခံပြီး ယခုအခါ ဘဏ်အနေနှင့် တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီဘဏ်က ၂၀၁၉ ခုနှစ် မတ် ၈ ရက်တွင် ထုတ်ပြန်ထားသည်။
ပြေးဆွဲနေသည့် YBS ယာဉ်များအနက် ယာဉ်အစီးရေ ၁၁၆၀ အား ကုမ္ပဏီ ၁၀ ခုအတွက် ချေးငွေထုတ်ပေးခဲ့ရာ အခြားကုမ္ပဏီများက အတိုးအရင်းအား ပုံမှန်ပေးသွင်းနေသော်လည်း Omini Focus အပါအဝင် ကုမ္ပဏီသုံးခုသည် ကားအစီးရေ ၅၀၀ အတွက် ချေးယူထားသည့်ငွေများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ပေးသွင်းခြင်းမရှိကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူက ၂၀၁၉ ခုနှစ် မတ် ၈ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်