
စက်တင်ဘာလတွင် ဘင်္ဂလားပင်လယ် အော်၌ဖြစ်ပေါ်သည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်မှု နည်းသော် လည်း ယခုနှစ်တွင်သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးချစ် ကျော်က ပြောကြားသည်။
“မိုးနှောင်းမိုးက အထက်ပိုင်းအလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေ ပိုရနိုင်ပါတယ်။ သတိပြုဖို့က မုန်တိုင်းငယ်တွေနဲ့ တွဲဖက်ပြီး ရွာသွန်းတဲ့ မိုးနှောင်းမိုး သည်းထန်စေနိုင်ပါ တယ်။ ရုတ်တရက် ရေလျှံရေကြီး၊ မြေပြိုစေ နိုင်တာကို သတိပြုသွားလာနေထိုင်စေလိုပါတယ်။ နောက်တချက်က မြစ်ချောင်းကမ်းနား ဒေသတွေလည်း မြစ်ရေအခြေအနေကို အမြဲ သတိပြုစေလိုပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူး တိုင်းကလယ်တွေအနေနဲ့ ရေဝင်ရောက်မှု သတိပြုရမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက် က စက်တင်ဘာလမုန်တိုင်းတွေဟာ မြန်မာ နိုင်ငံတိုက်ရိုက်ဝင်ရောက်မှု အလွန်နည်း သော်လည်း ယခုနှစ်တော့ သတိထားစောင့် ကြည့်စရာဖြစ်နေတာကို အသိပေးလိုပါ တယ်။ မုန်တိုင်းငယ်တွေကြောင့် မိုးကတော့ ကောင်းစေမှာဖြစ်ပါတယ်”ဟု ဦးချစ်ကျော်က ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထား သည့် ထူခြားမိုးလေဝသအခြေအနေ ထုတ် ပြန်ချက်တွင် တောင်တရုတ်ပင် လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ပိုဒူးသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၏ အရှေ့မြောက် ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟို ပြုနေကြောင်း၊ အဆိုပါအပူပိုင်းမုန်တိုင်း ပိုဒူး သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား ပြီး နောက်(၂၄)နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်မည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထား သည်။
အဆိုပါအပူပိုင်းမုန်တိုင်းသည် ဗီယက် နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ဆက် လက်ရွေ့လျားကာ တဖြည်းဖြည်း အားလျော့ သွားနိုင်ကြောင်း၊ သို့ပါ၍မုန်တိုင်းအကြွင်း အကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေ ပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ် ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်း ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေ ပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအ မြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တ ရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သဖြင့် ကြို တင်သတိပြုနေထိုင်ရန် မိုးဇလထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်