
ဘာစီလိုနာအသင်းအား အနိုင်ရရှိပြီးနောက် အက်သလက်တီကိုအသင်းအနေဖြင့် ယခုရာသီ လာလီဂါချန်ပီယံဆုအတွက် ရေပန်းစားမှုတွင် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယခုရာသီအစတွင် အက်သလက်တီကိုအသင်းသည် လာလီဂါချန်ပီယံဆုအတွက် ရေပန်းစားမှု၌ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့၏ နောက်တွင်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်းအား (၁)ပွဲလျော့ (၃)မှတ်အသာ၊ ဘာစီလိုနာအသင်းအား ပွဲတူ (၉)မှတ်အကွာအထိ အမှတ်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ရေပန်းစားမှုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိချန်ပီယံရေပန်းစားမှုတွင် အက်သလက်တီကိုအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်း၏နောက် ဒုတိယနေရာတွင်ရှိနေပြီး ဘွတ်ကီဒိုင်များ၏ အလေးပေးမှုများတွင် သိသိသာသာမြင့်တက်လာခဲ့ကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် လာလီဂါချန်ပီယံဆုအား ၂၀၁၃-၁၄ ရာသီတွင် နောက်ဆုံးအကြိမ်ရရှိထားခဲ့ပြီး (၇)ရာသီအကြာတွင် တစ်ကျော့ပြန်ချန်ပီယံဆုအတွက် မျှော်လင့်ချက်များ အားကောင်းလာခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် အက်သလက်တီကိုအသင်းသည် ယခုရာသီ လာလီဂါအဖွင့်ပွဲစဉ် (၈) ပွဲကစားပြီး ရမှတ် (၂၀)အထိ ရယူနိုင်ခဲ့ခြင်းမှာ ချန်ပီယံဖြစ်ခဲ့သည့် ၂၀၁၃-၁၄ ရာသီတွင် (၂၄)မှတ်ရယူနိုင်ခဲ့သည့်နောက်ပိုင်း အမှတ်အများဆုံးရယူနိုင်သည့် ရာသီအဖွင့်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လာလီဂါချန်ပီယံဆုအတွက် ရေပန်းစားမှု
ရီးယဲလ်မက်ဒရစ် ၆း၄
အက်သလက်တီကို ၂း၁
ဘာစီလိုနာ ၉း၂
ဆိုစီဒက် ၁၈း၁
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်