
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နှင့် ရေဦးမြို့နယ်တွင် သြဂုတ် ၃၁ ရက် ည ၉ နာရီ ၃၉ မိနစ်က အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီများနှင့် အစိုးရဌာနအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။
“လောလောဆယ်ကတော့ ဘုရားစိန်ဖူးတွေဘာတွေ ပြုတ်ကျတဲ့ ရွာတွေတော့ရှိတယ်။ နောက်တစ်ခါ ရေဦးမြို့ပေါ်က မီးသတ်ဌာနကတော့ နံရံတွေ အက်ကွဲသွားတာ နည်းနည်းလေး ဆိုးတယ်လို့ပြောတယ်။ ဘုရားစေတီ ပေါတဲ့နေရာတွေလေ။ အခုအထိတော့ ဘာမှသတင်း မတက်လာကြသေးဘူး။ ငလျင်လှုပ်သွားတာက ရေဦးမြို့နဲ့ သိပ်မဝေးဘူး။ ဘုရားတွေ ယိုင်တာတွေလည်းရှိတယ် ပြောတယ်။ မနက်ကျမှ အကုန်သိရမယ်” ဟု ရေဦးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “လောလောဆယ်ကတော့ ရွှေဘိုကတော့ စေတီတစ်ဆူကတော့ ထီးတော်စောင်းတယ်လို့တော့ အကြမ်းဖျင်း သိရတယ်။ ရွှေဘိုမြို့ပေါ်က စေတီကြီး တစ်ဆူတဲ့။ အဲဒီလိုတော့ သိရတယ်။ လောလောဆယ်ကတော့ စုံစမ်းနေတုန်းပဲ” ဟု ပြောကြားသည်။
သြဂုတ် ၃၁ ရက် ည ၉နာရီ ၃၉မိနစ်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများအပြား ငလျင်လှုပ်ခတ်မှုကို သိသာစွာ ခံစားခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်