
၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ (ဧပြီ-စက်တင်ဘာ) ခြောက်လအတွင်း ပုဂ္ဂလိကဘဏ်များ၏ ရရန်ပိုင်ခွင့် ကျပ် ၅၃၉၁ ဘီလျံကျော် တိုးတက်ခဲ့ပြီး ရရန်ပိုင်ခွင့် အများဆုံး ဘဏ်များစာရင်းတွင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်တို့ ဦးဆောင်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ အစီရင်ခံစာအရ သိရသည်။
ပုဂ္ဂလိကဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေသည် ဘဏ်ခွဲအရေအတွက်အားဖြင့် လည်းကောင်း၊ အပ်ငွေလက်ခံရရှိမှု၊ ချေးငွေထုတ်ချေးထားမှုနှင့် စုစုပေါင်း ရရန်ပိုင်ခွင့်များ တိုးတက်လာမှု အနေအထားဖြင့် လည်းကောင်း၊ လုပ်ငန်းအရွယ်အစား တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့ရှိရသည်ဟု ဗဟိုဘဏ် အစီရင်ခံစာတွင် သုံးသပ်ထားသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ စုစုုပေါင်းအပ်ငွေမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နှင့် နှိုင်းယှဉ်ပါက ကျပ် ၂၆၅၆၀၈၂၆ ဒသမ ၈၇ သန်းမှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၃၁၁၂၉၈၄၆ ဒသမ ၇၄ သန်းအထိ တိုးတက်ခဲ့သည်။ ပမာဏအားဖြင့် ကျပ် ၄၅၆၉၀၀၉ ဒသမ ၈၇ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၂၀ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေနှင့် စာရင်းပိုထုတ် ချေးငွေမှာလည်း ယခင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ကျပ် ၃၄၃၅၄၅၆ ဒသမ ၆၅ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၅၅ ရာခိုင်နှုန်း၊ ရရန်ပိုင်ခွင့်များတွင် ကျပ် ၅၃၉၁၂၂၇ ဒသမ ၂၀ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၁၈ ဒသမ ၀၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပုဂ္ဂလိကဘဏ်များသည် ဘဏ် စနစ်တစ်ခုလုံးရှိ စုစုပေါင်း ရရန်ပိုင်ခွင့်များ၏ ၅၇ ဒသမ ၆၇ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး နိုင်ငံပိုင်ဘဏ်များသည် ၃၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ နိုင်ငံခြား ဘဏ်ခွဲများသည် ၁၁ ဒသမ ၁၉ ရာခိုင်နှုန်း ပိုင်ထားသည်။
ပုဂ္ဂလိကဘဏ်များ စုစုပေါင်း ရပိုင်ခွင့်များတွင် ဘဏ်အလိုက်ပါဝင်သည့်ရာခိုင်နှုန်း များမှာ ကမ္ဘောဇဘဏ်က ၃၃ ဒသမ ၀၅ ရာ ခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁၆ ဒသမ ၀၂ ရာ ခိုင်နှုန်း၊ သမဝါယမဘဏ် (CB ဘဏ်) က ၁၁ ဒသမ ၉၇ ရာခိုင်နှုန်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ၉ ဒသမ ၃၁ ရာခိုင်နှုန်း၊ မြဝတီဘဏ်က ၅ ဒသမ ၄၄ ရာခိုင်နှုန်း၊ ရိုးမဘဏ် က ၆ ဒသမ ၅၆ ရာခိုင်နှုန်း၊ ယူနိုက်တက် အမရဘဏ်က ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ကမ္ဘာ့ရတနာဘဏ်က ၂ ဒသမ ၃၄ ရာခိုင်နှုန်း၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ၂ ဒသမ ၅၁ ရာခိုင်နှုန်း၊ မြန်မာအရှေ့တိုင်းဘဏ်က ၁ ဒသမ ၄၇ ရာခိုင်နှုန်း၊ နေပြည်တော် စည်ပင်ဘဏ်က ၁ ဒသမ ၂၂ ရာခိုင်နှုန်း၊ အင်းဝဘဏ်က ၁ ဒသမ ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်က ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၃ ရာခိုင်နှုန်း၊ ပထမပုဂ္ဂလိကဘဏ်က ၀ ဒသမ ၇၇ ရာခိုင်နှုန်း၊ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ၀ ဒသ မ ၇၁ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၆၃ ရာခိုင်နှုန်း၊ ထွန်းကော်မာရှယ်ဘဏ်က ၀ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၄၈ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော်ဘဏ်က ၀ ဒသမ ၂၆ ရာခိုင်နှုန်း တို့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်