မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီ ပြီးဆုံးပြီဖြစ်သောကြောင့် စက်တင်ဘာ ၁ ရက်မှစတင်ကာ ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ လုပ်ငန်းခွင် ဝင်ရောက်ပြီ ဖြစ်ကြောင်း သိရသည်။
ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ ပြီးဆုံးပြီဖြစ်သည့် အတွက် စက်တင်ဘာ ၁ ရက်မှစတင်ပြီး ပင်လယ်ပြင်တွင် ငါးဖမ်းရာသီရောက်ရှိပြီဖြစ်ရာ လုပ်ငန်းခွင်ဝင်ရောက်မည့် ငါးဖမ်းလှေများမှာ ဆိပ်ကမ်းများတွင် အစစ်ဆေးခံရန်စောင့် ဆိုင်းလျက်ရှိကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ်အတွင်း ငါးသားပေါက် ကာလတွင် ငါးလုံးဝမဖမ်းရ (သုညရာခိုင်နှုန်း) သတ်မှတ်ခဲ့ပြီး ပင်လယ်ပြင်တွင်လည်း တင်းကျပ်စွာ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှစတင်ကာ ရာနှုန်းပြည့် ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့် ရရှိပြီ ဖြစ်သောကြောင့် ငါးဖမ်းလှေများမှာ လုပ်ငန်းခွင် စတင်ဝင်ရောက်ပြီဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိပင်လယ်ပြင်ကို ထွက်ဖို့ လှေအစီး ၅၀၀ ကအဆင်သင့်ဖြစ်နေပြီ။ မနက်အပြီး ချက်ပွိုင့်စစ်ဆေး နိုင်အောင်လည်း စီစဉ်ထားပါတယ်။ ချက်ပွိုင့်အတွက် ရှိသမျှဝန်ထမ်းအင်အားကိုထုတ်ပြီး နှစ်ဖွဲ့အနည်းဆုံးခွဲပြီး စစ်ဆေးနိုင်အောင် လုပ်ထားတယ်။ ငါးလုပ်ငန်း အဖွဲ့ချုပ်ကလည်း လိုက်ပါကူညီ ဆောင်ရွက်ပေးမယ်။ ငါးလုပ်ငန်း ဦးစီးဌာနကလည်း လှေတိုင်းကို စစ်ဆေးနိုင်အောင် သက်ဆိုင်ရာ စစ်ဆေးမယ်။ ဌာနဆိုင်ရာတွေကိုလည်း အဆင်သင့် လုပ်ထားပါတယ်။ လက်ရှိအခြေအနေမှာ ၇၈၅ စင်း ပင်လယ်ပြင်ကို ထွက်ဖို့ရှိတယ်။ ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင် မပါသေးပါဘူး။ ဒီတစ်နှစ်ပိတ်တာက ဇီးရိုးရာခိုင်နှုန်းလည်း ဖြစ်တယ်။ ပင်လယ်ပြင်မှာလည်း ကြပ်ကြပ်မတ်မတ် လုပ်ထားတဲ့ အနေအထားကိုလည်း တွေ့ရတယ်။ လိုင်စင်မဲ့လှေတွေ၊ ကမ်းနီးလည်းမဟုတ် ကမ်းဝေးလည်း မဟုတ်တဲ့လှေ အရွယ်အစား ကျော်လွန်နေတဲ့ လှေတွေကိုလည်း ဒီတစ်နှစ် ပင်လယ်ပြင်မှာ မတွေ့ရဘူး။ အဲဒီတော့ ပင်လယ်ကိုသွားတဲ့ ချောင်းတွေထဲမှာ ဖမ်းနေတဲ့ ကမ်းနီးလှေကလေးတွေမှာ ငါးပုစွန်တွေ ပေါပေါများများ ရနေတယ်ဆိုတာ ကျွန်တော်တို့ ကြားလည်း ကြားရတယ်။ မျက်မြင်လည်း တွေ့ခဲ့ရတယ်။ ငါးမဖမ်းရရာသီ သုံးလပိတ်ပြီးပြန် ထွက်တဲ့အချိန်မှာ ပြီးခဲ့တဲ့နှစ်တွေကထက် ငါးပိုမိုပြီး အထိအမိ ကောင်းလိမ့်မယ်ဆိုတာ ယုံကြည်သလို ဖြစ်လည်းဖြစ်လာမှာပါ” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားသည်။
ငါးဖမ်းရာသီအတွင်း လုပ်ငန်းခွင်ဝင်ရာ တွင် ယခင်နှစ်များကထက် ငါးပိုမိုအထိများမည်ဟု ငါးဖမ်းလှေ လုပ်ကိုင်သူများနှင့် ငါး ဖမ်း လှေပဲ့နင်းများကလည်း ခန့်မှန်းပြောကြား လျက်ရှိကြောင်း သိရသည်။
“ငါးမဖမ်းရရာသီ သုံးလပိတ်ထားခဲ့တဲ့ အချိန်မှာ အခက်အခဲတော့ နည်းနည်းရှိခဲ့ကြတယ်။ စားဝတ်နေရေး အပိုင်းမှာပေါ့။ ပထမဆုံးနှစ်ဖြစ်တဲ့အတွက်ကြောင့်လည်း ဖြစ်မှာပါ အခု ၉ လပိုင်း ၁ ရက်နေ့ဆိုရင် ငါးဖမ်းရာသီစတင်ပါပြီ။ကျွန်တော်တို့လည်း အဆင်သင့်လုပ်ထားပြီးပါပြီ။ လောင်စာဆီ၊ ရေခဲစသဖြင့် ချထားပြီးပါပြီ။ ကျွန်တော်တို့ လုပ်နေတဲ့နေရာတွေ၊ ငါးဖမ်းကွက်တွေရှိပါတယ်။ သတ်မှတ်ထားတဲ့ ငါးဖမ်းကွက်တွေထဲက ကိုယ်ကြိုက်တဲ့ ငါးဖမ်းကွက်မှာ ဖမ်းလို့ရတယ်။ အထိအမိ ကောင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ထင်သလိုလည်း ဖြစ်ချင်မှ ဖြစ်လာမှာပဲလေ။ ဒီတစ်နှစ်က စနစ်တကျလည်း ပိတ်ထားတဲ့အတွက် ပင်လယ်ပြင်ကို ပြန်ထွက်ရတာ အားနည်းနည်းတော့ ရှိပါတယ်” ဟု လှေပဲ့နင်း ဦးတင့်လွင်က ပြောကြားသည်။
ငါးမဖမ်းရရာသီ သတ်မှတ်ထားသည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ပင်လယ် ပင်အတွင်း ငါးခိုးဖမ်းသည့် များစွာလည်း ရှိခဲ့ရာမြန်မာ့ ရေတပ်မှ ဖမ်းဆီးအရေးယူနိုင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် ငါးသားပေါက် ရာသီအတွင်း ငါးဖမ်းဆီးခွင့် လုံးဝပိတ်ပင်လိုက်ရာ လုပ်ငန်းရှင်များက ရာသီအဖွင့်တွင် ပင်လယ်ပြင်အတွင်း ရေသယံဇာတများ ပြန်လည်ပေါများ လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဇော်မိုးဦး (မြိတ်)
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီ ပြီးဆုံးပြီဖြစ်သောကြောင့် ယနေ့မှစတင်ပြီး ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ လုပ်ငန်းခွင်ဝင်ရောက်
ငါးဖမ်းလှေများကို တွေ့ရစဉ်

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်