
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင်းရှိ နေအိမ်များမျောပါကာ ညောင်ဝန်းတံတားကျိုးခဲ့ပြီး ပဲခူးရိုးမ၊ အုတ်တွင်းလမ်းပိုင်း ဆက်သွယ်ရေးပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၄ နာရီခန့်ကစတင်ကာ ရွာသွန်းခဲ့သည့် မိုးကြောင့် ပဲခူးရိုးမ၊ တောင်နဝင်းချောင်းမကြီး ရေကြီးရေလျှံဖြစ်ခဲ့ပြီး နေအိမ်(၆) လုံးမျောပါ ပိတ်ဆို့မှုကြောင့်အရှည်ပေ(၁၉၀) ရှိ ညောင်ဝန်းဘေလီတံတားမှာ မျောပါခဲ့ပြီး နေအိမ််(၁၀) အိမ်မှာလည်း ထပ်မံရေနစ်မြှပ်နေကြောင်း မြို့ပေါ်ရပ်ကွက်များနှင့် မုန့်ကုန်းရွာရေနစ်မှုကြောင့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနေကြောင်း သိရသည်။
“မြို့ပတ်လမ်းဘက်မှာကရေပြွန်တံတားတစ်ခုက ခါးပြတ်ကြနေပြီ။ ညောင်ဝန်းတံတားကတော့ သံဘေလီတံတားပေါ့ သူကပါသွားပြီ အိမ်ခြောက်လုံးပြိုပြီးတော့ တံတားကိုဒိုက်စို့တာ။ ရိုးမဖြတ်လမ်းမိန်းတံတားပေါ့ ဆက်သွယ်ရေးပြတ်သွားပြီ၊ လူထိခိုက်မှုတော့မရှိဘူး တောင်နဝင်းချောင်မကြီးပေါ့ ရိုးပေါ်ကချောင်းတွေစုစုံဆင်းတာ မိုးများလို့ဖြစ်တာပါ အရင်ကလည်းအဲလောက်ကြီးထိတော့ မများဘူးဘူးအခုရေက အများဆုံးပေါ့။” ဟု ပေါက်ခေါင်းမြို့နယ်တိုင်း၊ ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကပြောသည်။
မြို့ပေါ်ရပ်ကွက်များအပြင် ပေါက်ခေါင်း-ပြည် ကားလမ်းပိုင်း ရေကျော်များတွင်ရေကျော်ခြင်း၊ တောင်ပြိုလမ်းပိတ်ဆို့မှုကြောင့် ရှင်းလင်းမှုများလုပ်ဆောင်နေရပြီး ပြည်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ အရေးပေါ်ကူညီကယ်ဆယ်မှုများ လာရောက်လုပ်ဆောင်နေကြောင်း သိရသည်။
“ပေါင်းတည်ဘက်မှာကတော့ ဝဲကြီးလက်တံ ကျိုးတဲ့ဘက်ကနေ ရွာတွေကိုနစ်တာ ခါးစောင်းသာသာလောက်တွေရော အနိမ့်ပိုင်းတွေကတော့ တော်တော်နစ်တယ် ကျွန်တော်တို့လည်း လူခွဲပြီးကယ်ဆယ်မှုရွေ့ပြောင်းမှုတွေလုပ်နေတယ်” ဟု ပြည်မြို့နာရေးကူညီမှုအသင်းသားတစ်ဦးကပြောသည်။
ယင်းအပြင်၊ ပေါင်းတည်နှင့်နတ္တလင်းမြို့နယ်များတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြောင်းလက်တံအနည်းငယ်ကျိုးမှုများကြောင့် ကျေးရွာအချို့ရေကြီးနစ်မြှပ်ကာ ရွေ့ပြောင်းနေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်