
တရုတ်ခရီးသွားများဝင်ရောက်မှုကို လေ့ လာစောင့်ကြည့်မည့်အဖွဲ့ ဖွဲ့စည်းထားသည် မှာ နှစ်လကျော်ပြီဖြစ်သော်လည်း စောင့်ကြည့် မှုမလုပ်နိုင်သေးကြောင်း ရန်ကုန်တိုင်း ကရင် တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး က ပြောကြားသည်။
ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမှာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လည်း တာဝန်ယူထားပြီး သြဂုတ် ၃၀ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ပြုလုပ်သည့် သတင်းစရှင်းလင်းပွဲတွင်၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့နှစ်လ၊ သုံးလကတည်းက စ ဝင်လာတဲ့ဟာကို ထိန်းချုပ်ဖို့ကညှိနှိုင်းဆောင် ရွက်နေတုန်းပဲရှိသေးတယ်။ ကျွန်မတို့မလုပ် နိုင်သေးဘူး။ ဒါပွင့်ပွင့်လင်းပြောတာပါ”ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်း သÍ္ဇာမျိုးက ပြောကြားသည်။
လက်ရှိတွင် တရုတ်ခရီးသွားများဝင်ရောက်လည်ပတ်မှုကို စောင့်ကြည့်လေ့လာသုံး သပ်တင်ပြရေးအဖွဲ့မှတ်တမ်းများကို ခရီးသွား ကော်မတီထံတောင်းခံရမည်ဖြစ်ပြီး မြန်မြန်ဆန်ဆန်လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
အနောက်နိုင်ငံခရီးသွား ဝင်ရောက်မှုကျ ဆင်းလာခြင်းကြောင့် အရှေ့မျှော်ဝါဒီအဖြစ် တရုတ်ခရီးသွားများကို၂၀၁၈ ခုနှစ် အောက် တိုဘာ ၁ ရက်မှစတင်ကာ ဗီဇာဖြေလျှော့မှုပြု လုပ်ခဲ့ပြီး လက်ရှိတွင် တရုတ်ခရီးသွား ဝင်ရောက်မှုများလာပြီး ခရီးစဉ်ဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းအချက်အလက် ကောက်ယူ ခြင်း၊ ငွေကြေးသုံးစွဲမှု စိစစ်ခြင်းများနှင့် နိုင်ငံ အကျိုးအမြတ်ရရှိရန် လေ့လာသုံးသပ်ချက် များစိစစ်ရန် လိုအပ်သည့်အတွက် တရုတ် ခရီးသွားများ ဝင်ရောက်လည်ပတ်မှုကိုစောင့် ကြည့်လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ကို စတင်ဖွဲ့စည်းကြောင်း ဇွန်၂၁ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“လတ်တလောကာလမှာတော့ တရုတ်ခရီးသွားတွေက ဝင်ရောက်မှုများပါတယ်။ အ ကြမ်းဖျင်းလေ့လာလိုက်တဲ့အခါမှာတော့ လေးညအိပ်ငါးရက်ဟိုတယ်တည်းတယ်။စားတယ်။ လက်ဆောင်ဝယ်တယ်။ ခရီးသွားပို့ ဆောင်ရေးတွေ ငှားရင် သူတို့တစ်နေ့ကိုတော့ အနိမ့်ဆုံးဒေါ်လာ ၅၀ လောက်သုံးဖြစ်တဲ့အ နေအထားမျိုးကိုတွေ့ရှိရတယ်။ ဒီငွေတွေက တစ်ခုတော့ရှိတယ်။ Package သဘောမျိုးဖြစ် ရင် သူနဲ့ဆက်စပ်တဲ့ကုမ္ပဏီတွေဆီပဲ ရောက် သလား။ ဒါမှမဟုတ် ပြည်သူလူထုအလွှာအ သီးသီးကိုရောက်သလားဆိုတော့ ရှေ့ဆက် ကြည့်ရမယ်အနေအထားတော့ရှိတယ်”ဟု တရုတ်ခရီးသွားများ ဝင်ရောက်လည်ပတ်မှု ကို စောင့်ကြည့်လေ့လာသုံးသပ်တင်ပြရေး အဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးဦးနိုင်ဝင်းက ပြောကြားသည်။
အဆိုပါအဖွဲ့သည် အချက်ခုနစ်ချက် လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းအချက်များမှာ လေဆိပ်နှင့် ကားဂိတ်သို့ရောက်ရှိမည်ခရီး သည် စာရင်းနှင့်လည်ပတ်မည့် သက်ဆိုင်ရာ ကုမ္ပဏီများ၊ လေကြောင်းလိုင်း လေဆိပ်စီမံခန့် ခွဲရေးအဖွဲ့များ၊ သယ်ယူပို့ဆောင်ရေးအသင်း များနှင့်ဧည့်လမ်းညွှန်အသင်းများနှင့် ချိတ် ဆက်ညှိနှိုင်းပြီး ကြိုတင်ရယူရန်၊ လေဆိပ်နှင့် ကားဂိတ်များတွင်ခရီးသည်များကို စောင့်ဆိုင်း ကာ ကောက်ယူသော စာရင်းများနှင့် စိစစ်ရန်၊ ခရီးသည်များလည်ပတ်မည့် အစီအစဉ်အလိုက်တည်းခိုမည့်ဟိုတယ်၊ စားသောက်ဆိုင်၊ ပို့ဆောင်ရေးလုပ်ငန်း၊ ပစ္စည်းအရောင်းဆိုင် များ၌ ဝန်ဆောင်မှုရယူခြင်း၊ ငွေကြေးသုံးစွဲမှု စနစ်နှင့်စာရင်းများကို စစ်ဆေး၍ စစ်တမ်း ကောက်ရန်တို့ဖြစ်သည်။
ထို့ပြင် လိုင်စင်ရခရီးသွားကုမ္ပဏီများ ဆောင်ရွက်သော Package Tour များနှင့်အ ခြားအဖွဲ့အစည်းအစီအစဉ်ဖြင့် လာရောက် လည်ပတ်သောဝင်ရောက်မှု အချိုးအစား၊ လည်ပတ်မှုအလေ့အထနှင့်ဝန်ဆောင်မှု နည်း စနစ်များကို လေ့လာစိစစ်တင်ပြရန်၊ ခရီးသည် များ၊ လက်ဆောင်ပစ္စည်းဆိုင်များအပါအဝင် စျေးဝယ်ယူမှုအခြေအနေများကို စိစစ်ရန်နှင့် အဖွဲ့ခေါင်းဆောင်အနေဖြင့် အဖွဲ့ဝင်များအား စီမံဆောင်ရွက်ရန်နှင့် စိစစ်တွေ့ရှိချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ လစဉ်တင်ပြရမည်ဟု အဆိုပါစောင့်ကြည့် လေ့လာသုံးသပ်တင်ပြရေးအဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်