Top News

အာဆီယံသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စတုတ္ထ စီးပွားရေးအင်အားအကြီးဆုံး အစုအဖွဲ့ ဖြစ်လာမည်ဟု အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း လက်ထောက်အတွင်းရေးမှူးချုပ် ပြောကြား
24htopnews | January 10, 2025 4:12 PM CST

အာဆီယံသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စတုတ္ထ စီးပွားရေးအင်အားအကြီးဆုံး အစုအဖွဲ့ဖြစ်လာမည်ဟု အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း လက်ထောက် အတွင်းရေးမှူးချုပ် Satvinder Singh က ဇန်နဝါရီ ၈ ရက်က ‌မလေးရှားတွင်ပြုလုပ်သည့် ASEAN Economic Opinion Leaders ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုရေးရာဝန်ကြီးဌာန (Miti) က ဦးစီးကျင်းပသည့် ယင်းပွဲအခမ်းအနားတွင် ကော်ပိုရိတ်လုပ်ငန်းများ၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် မီဒီယာခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ထို့ပြင် ယနေ့ ပြုလုပ်ခဲ့သော အခမ်းအနား၌ မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုရေးရာဝန်ကြီးဌာန ဒုဝန်ကြီး Liew Chin Tong ကတက်ရောက် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဝန်ကြီး Zafrul Tengku Abdul Aziz ကလည်း အပိတ်မိန့်ခွန်း ပြောကြားခဲ့သည်။

ASEAN Economic Opinion Leaders Conference တွင် Eleven Media Group ၏ အမှုဆောင်ဒါရိုက်တာ ကိုမင်းသော်ထွဋ်လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ထိုပွဲသည် မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို စတင်ရယူခဲ့ပြီးနောက် ပထမဆုံးကျင်းပသည့် ပွဲအခမ်းအနားတစ်ခု ဖြစ်သည်။

 လက်ရှိတွင် အာဆီယံသည် ကမ္ဘာ့ ပ ဉ္စမ စီးပွားရေးအင်အားအကြီးဆုံး အစုအဖွဲ့ဖြစ်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ စတုတ္ထစီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာနိုင်ကြောင်း အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း လက်ထောက် အတွင်းရေးမှူးချုပ် Satvinder Singh က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ကို လွှမ်းမိုးဖို့အတွက် မရေရာတဲ့ လေလုံးထွားပြောဆိုမှုတွေကို ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အာဆီယံဟာ မှန်ကန်တဲ့အရာတွေကိုလုပ်နေတယ်ဆိုတာကို ဖော်ပြဖို့အတွက် သေသေချာချာ ကြိုးပမ်းလုပ်ဆောင်သွားရမှာပါ " ဟု Satvinder  က ပြောကြားခဲ့သည်။


READ NEXT
Cancel OK