Top News

လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေအိမ် ၁၄၀၀၀ ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နေအိမ် ၂၀၀၀၀ ကျော်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီမှ နိုဝင်ဘာအထိ) နေအိမ် ၇၉၀၀ ကျော် ပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့
24htopnews | January 10, 2025 4:12 PM CST

လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေအိမ် ၁၄၀၀၀ ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နေအိမ် ၂၀၀၀၀ ကျော်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီမှ နိုဝင်ဘာအထိ) နေအိမ် ၇၉၀၀ ကျော် ပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် နေအိမ် ၁၄၀၀၀ ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ နေအိမ် ၂၀၀၀၀ ကျော်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီမှ နိုဝင် ဘာအထိ) နေအိမ် ၇၉၀၀ ကျော် ပျက်စီးခဲ့ပြီး လူသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီ နှင့် နွေရာသီကာလများ၌ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက် တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့ တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆို ပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ် လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေ ပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေ ဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အဆိုပါ ရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် နေအိမ် ၁၄၀၀၀ ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေအိမ် ၂၀၀၀၀ ကျော်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီမှ နိုဝင်ဘာအထိ) နေအိမ် ၇၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် ရပ်ရွာလူထု ၏နေအိမ်များ ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်အတွက် လေပြင်းဒဏ်ပိုမို ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အား ဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက် ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နေအိမ်ပေါင်း ၇၅၀၀၀ ကျော် ပြင်ဆင်ပေးနိုင်ခဲ့ပြီး နှစ်စဉ် လေပြင်းဘေးကျရောက်နိုင်သော ဆောင်းအ ကုန် နွေအကူးကာလမှစ၍ မုတ်သုံမတိုင်မီ ကာလတွင် နေအိမ်များ လေပြင်းဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် လေပြင်းဘေးအန္တ ရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း မိမိအိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင် မာအောင် ပြုလုပ်ထားရန်၊ လေပြင်းဒဏ်ခံ နိုင်စေရေးအတွက် အိမ်နံရံများတွင် လေဒဏ် ခံနိုင်ရန် ချုပ်တန်းများနှင့် လိုအပ်သည့်နေရာ များတွင် ဒေါက်တန်းများ^ဒေါက်တိုင်များ ထပ်မံအားဖြည့်တပ်ဆင်ရန်၊ သွပ်အမိုးဖြစ်ပါ က အစွန်ကျသောနေရာများတွင် သွပ်သံစိပ် စိပ်ရိုက်ရန်၊ ဓနိ/သက်ငယ်အမိုး ဖြစ်ပါက ၀ါး ရာဇမတ်ကွက် ကြက်နင်းဖြင့် ခိုင်ခံ့စွာအုပ်ရန်၊ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာချည်နှောင်ရန်၊ အိမ် အနီးရှိ ကျိုးကျနိုင်သော သစ်ပင်/သစ်ကိုင်း များကို ခုတ်ထွင်ရှင်းလင်းထားရန် စသည်တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ လေပြင်းတိုက်ခတ်ချိန်တွင် အမှိုက်များနှင့် ပစ္စည်းများ လေနှင့်အတူလွင့် ပါကာ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မလို အပ်ဘဲ အပြင်သို့ မထွက်ရန်၊ တံခါးများနှင့် ပြတင်းပေါက်များကို မြဲမြံစွာပိတ်ထားရန်၊ မှန် ပြတင်းများကို တိပ်ပြားကြီးများဖြင့် ကန့်လန့် ဖြတ်ကပ်ထားရန်၊ မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေထိုင်ရန်၊ လေတိုက်ခတ်မှု အလွန်ပြင်းထန်ပါက ခိုင်ခံ့သောစားပွဲ (သို့မ ဟုတ်) ခိုင်ခံ့သော အရာဝတ္ထုတစ်ခုခုအောက် တွင် အကာအကွယ်ယူနေရန်၊ လျှပ်စစ်နှင့်ဆိုင် သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားရန် စသည့်အချက်များ သတိ ပြုလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်ပြီးနောက် ကူညီ ကယ်ဆယ်ရေးနှင့် အပျက်အစီးများ ရှင်းလင်း ခြင်းလုပ်ငန်းများတွင် တာဝန်ရှိသူများနှင့်အ တူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ကျိုးကျ၊ ယိုင်လဲ၊ ပြိုပျက်နေသော ဓာတ်တိုင်များ၊ ဓာတ် ကြိုးများ၊ သစ်ပင်သစ်ကိုင်းများ၊ အဆောက် အအုံများနှင့် ဝေးရာတွင်နေရန်၊ ထိခိုက်ဒဏ် ရာရရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သည့် ကုသမှုခံယူရန်၊ ကာကွယ်စောင့် ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ် များ၊ ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများစသည့် အကူအညီလိုအပ်သူများကို တတ်စွမ်းသရွေ့ ပေါင်းစပ်ကူညီပေးရန် စသည့်အချက်များကို သတိပြုဆောင်ရွက်ရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များနှင့် ပတ် သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့် လှစ်ထားရှိသည့် ံသအ-ူငညန ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့ သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင် ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက အသိ ပေးကြေညာထားသည်။

 


READ NEXT
Cancel OK