Top News

ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ပြန်တက်လာပြီး ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာ ကျပ် ၃၀၀၀ အထက်ရောက်ရှိ
24htopnews | January 10, 2025 5:12 PM CST

ရန်ကုန်မြို့တွင် စက်သုံးဆီစျေးနှုန်းများ ပြန်တက်လာပြီး ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာ ကျပ် ၃၀၀၀ အထက်ရောက်ရှိလာကြောင်း စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ကာ ဓာတ်ဆီနှင့် ဒီဇယ်ဆီစျေးနှုန်းများမှာ ကျဆင်းလာခဲ့သော်လည်း ဇန်နဝါရီ ၁၀ ရက်တွင် ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၃၀၇၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၃၁၆၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်ကျပ် ၂၇၁၀၊ ပရီမီယံဒီဇယ်တစ် လီတာလျှင် ကျပ် ၃၃၄၀ ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်တွင် ရန်ကုန်မြို့တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၉၈၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၃၀၉၅၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်ကျပ် ၂၆၁၅၊ ပရီမီယံဒီဇယ်တစ် လီတာလျှင် ကျပ် ၃၂၂၅ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ၉၂ ဓာတ်ဆီတစ်လီတာ လျှင် ကျပ် ၉၀၊ ၉၅ တစ်လီတာလျှင် ၆၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၁၅ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် သွင်းကုန်လုပ်ငန်းရှင်များအပါအဝင် စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များထံသို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးများကိုဆက် တိုက်ရောင်းချပေးလျက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။


READ NEXT
Cancel OK