
ဖိလစ်ပိုင်နိုင်ငံတွင် ကျားဖြန့်လုပ်ငန်းဟု လူသိများသည့် အွန်လိုင်းပေးမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းတစ်ခုကို တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ချိန်တွင် ပြည်ပနိုင်ငံသား ၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အမျိုးသားလူဝင်မှုကြီးကြပ် ရေးအေဂျင်စီက ပြောကြားခဲ့သည်။
အာဏာပိုင်များသည် ပြည်ပနိုင်ငံများတွင် နေထိုင်သူများကို ပစ်မှတ်ထားသည့် အွန်လိုင်းငွေလိမ် လုပ်ငန်းလုပ်ကိုင်နေသည့ အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ချိန်တွင် အဆိုပါအလုပ်သမားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အာရှတွင် မကြာသေးမီက ပြည်ပနိုင်ငံသားများကို လိမ်ညာခေါ်ယူပြီး လူမှောင်ခိုကူးကာ ကျားဖြန့်စင်တာများတွင် အတင်းအဓမ္မစေခိုင်းမှုများ မြင့်တက်လာမှုအပေါ် နိုင်ငံတကာက စိုးရိမ်ခဲ့သည်။
“သူတို့ရဲ့ လုပ်ဆောင်ချက်တွေက လူဝင်မှုရေးရာ ဥပဒေတွေကို ချိုးဖောက်နေပြီး အများပြည်သူအတွက် ကြီးမားတဲ့အန္တရာယ်ကို ဖြစ်စေပါတယ်”ဟု လူဝင်မှု ရေးရာထောက်လှမ်းရေးဌာနအကြီးအကဲ ဖော်တူနာတို မာနာဟန်က ပြောသည်။ ဖမ်းဆီးရမိခဲ့သူအများစုမှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟုလည်း လူဝင်မှုရေးရာဌာနမှု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်