
နိုင်ငံတကာကုမ္ပဏီအမှတ်တံဆိပ်ပေါင်း ၁၅ဝကျော်က ဆိုင်ခန်းပေါင်း ရဝကျော် လာရောက် ပြသရောင်းချခဲ့သည့် မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲ ပထမနေ့ အား ရန်ကုန်မြို့၊ ကွန်ဗင်းရှင်းစင်တာတွင် နံနက် ၉ နာရီမှ စတင်ကျင်း ပခဲ့ကြောင်း သိရသည်။
အဆိုပါ မီးစက်နှင့် စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲတွင် တရုတ်၊ ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက်ပြသရောင်းချခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက် အထိ ရန်ကုန်မြို့၊ ကွန်ဗင်းရှင်းစင်တာတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
“ဒီပွဲလေးမှာ ပါဝင်ပြသဖို့ စီစဉ် ထား တာကြာပါပြီ။ အဓိက ကတော့ ဒီနောက်ပိုင်း မှာ renewable energy,solar energy တို့ က ဖွံ့ ဖြိုး လာတယ်။ တစ်ကမ္ဘာ လုံး ကလည်း တိုးတက်ပြီး သုံးစွဲလာတယ်။ အပြောင်း အလဲ တွေက အရမ်း များတာပေါ့နော်။ အဲ့ဒါ့ ကြောင့် ကျွန်တော်တို့ ကုမ္ပဏီကလည်း နဂိုဖွဲ့စည်းထား စဉ် ကတည်းက နည်းပညာကုမ္ပဏီ တစ်ခုအနေနဲ့ဖွ့ံဖြိုး တိုး တက်အောင်ဖွဲ့စည်း ထားတာဆိုတော့ ကိုယ့် မှာ ရှိ တဲ့ နည်းပညာတွေကို အများ ပြည်သူ သိအောင် ဝေမျှချင်တယ်။ အဲ့ဒီ့လိုပဲ ကျွန်တော် တို့ မသိသေး တဲ့ နည်းပညာတွေကို လာပြတဲ့ ကုမ္ပဏီတွေ ၊ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေကလာတဲ့ နည်းပညာကုမ္ပဏီတွေက နည်းပညာအသစ်တွေကို ကျွန်တော်တို့က ရယူချင်တဲ့ ရည်ရွယ်ချက် နဲ့ ဝင်ရောက်ပြသတာ ဖြစ်ပါတယ်” ဟု ပြပွဲ တွင် ပါဝင်ပြခဲ့သည့် GREAT UNITED GREEN ENERGY COMPANY မှCHIEF FINANCIAL OFFICER ဒေါက်တာဝင်းရဲခိုင် က ပြောကြားခဲ့သည်။
ပြပွဲတွင် ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်း ပါဝင် ပြသခဲ့ပြီးဆိုလာပြားများ မလိုအပ်ဘဲ ဘက်ထရီ စနစ်တွဲရက် စမတ် အင်ဗာတာများနှင့်ဆိုလာစွမ်းအင်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှုဝယ်ယူသူများ အထူးများပြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင်ဒေသများစွာတွင် လျှပ်စစ်မီး ပြတ်တောက်မှုများရှိနေကြောင်း သိရသည်။ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေသဖြင့် ရန်ကုန်၊ နေပြည်တော်၊မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် အလှည့်ကျစနစ်ဖြင့်လျှပ်စစ်မီးပေးနေရသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။
လတ်တလောတွင် ပျမ်းမျှတစ်ရက်လျှင် မဂ္ဂါဝပ် ၂၂၀၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လျှပ် စစ်ဓာတ် အားရရှိမှုရာခိုင်နှုန်း ၅၀ လျော့ နည်းနေကြောင်း၊ ယင်းကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ၃၅ ရာခိုင်နှုန်းအချိုးကျ ဓာတ်အားခွဲဝေပေး နေရကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အချိုးကျ ဓာတ်အားခွဲဝေပေးမှုအရ ရန် ကုန်တိုင်းဒေသကြီးအတွင်း အုပ်စုသုံးစုခွဲခြား ၍ တစ်အုပ်စုလျှင် လေးနာရီပေး ရှစ်နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ မန္တ လေးတိုင်းဒေသကြီးတွင် အုပ်စု လေးစုခွဲပြီး သုံးနာရီပေး ကိုးနာရီပိတ်အလှည့်ကျနှင့် အုပ်စု လေးစုခွဲပြီး လေးနာရီပေး ၁၂ နာရီပိတ် အလှည့်ကျ အစီအစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အများပြည်သူများအတွက် တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ရှစ်နာရီပိတ်၊ ဝန်ထမ်းအိမ်ရာ များကို ၁၈ နာရီပေး လေးနာရီပိတ် အလှည့် ကျစနစ်ဖြင့်လည်းကောင်း၊ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် တစ်အုပ်စုလျှင် ခြောက်နာရီ အလှည့်ကျအစီအစဉ်ဖြင့်လည်း ကောင်း ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်