
အပျော်တမ်း သီဆိုခြင်းမှလွဲပြီး စီးပွားရေးအရဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်မျှဖြစ်စေ အသုံးပြုမည်ဆိုပါက ခွင့်ပြုချက် တောင်းခံရန် စန္ဒယားဦးလှထွတ်မိသားစုက နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။
ဖခင်ကြီးသက်ရှိထင်ရှားရှိစဉ်ရေးစပ်၊ သီကုံး၊ သီဆို၊ တီးခတ်ခဲ့သော တေးသီချင်းများ၊ တေးသီချင်းစာသားများ၊ သံစဉ်များ၊ တီးလုံးတီးကွက်များ၊ စာအုပ်စာပေများအပါအအဝင် အခြားအခြားအသီးအသီးသော အနုပညာလုပ်ငန်းရပ်များ၊ ဉာဏပစ္စည်များနှင့်ပတ်သက်ပြီး မည်သူမဆို စီးပွားရေးအရဖြစ်စေ (သို့မဟုတ်) မည်သည့်အကြောင်းကြောင့်ဖြစ်စေ Youtube နှင့် Digital Platform များ၊ Online Media များတွင် (အပျော်တမ်း သီဆိုခြင်းမှလွဲပြီး) လုပ်ကိုင်ဆောင်ရွက်ကြရာတွင် အမွေဆက်ဆံပိုင်ခွင့်ရှိသော သမီးများထံမှ တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုလုပ်ကြပါရန် တားမြစ်ကန့်ကွက်အသိပေးအပ်ကြောင်း၊ တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။
အကယ်ဒမီစန္ဒယား ဦးလှထွတ်မှာ သားဖြစ်သူ အကယ်ဒမီ ဇော်မျိုးထွဋ်နှင့် သမီးဖြစ်သူများဖြစ်သည့် ဒေါ်ခင်ဘုန်းထွဋ်၊ ဒေါ်ခင်မေထွဋ်၊ ဒေါ်ခင်မြတ်ထွဋ်တို့အား မွေးဖွားခဲ့ပြီး သားဖြစ်သူ အကယ်ဒမီဇော်မျိုးထွဋ်မှာ ဖခင်ကွယ်လွန်ပြီး ၁၄ နှစ်ပြည့်သည့်နေ့မှာပင် ကွယ်လွန်ခဲ့သည်။
အကယ်ဒမီစန္ဒယား ဦးလှထွတ်အား ၁၉၃၆ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့၌ ဖခင်ဦးစံထူး (မြန်မာထူး)၊ အမိ ဒေါ်မြတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၇ ယောက်အနက် အငယ်ဆုံးဖြစ်သည်။
၁၉၆၀ ခုနှစ်များတွင် ဂီတပညာရှင်၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဂီတမှူးအဖြစ် အောင်မြင်နေစဉ် ဆောင်းပါးများ၊ ဘာသာပြန် ဝတ္ထုတိုများ ရေးသားခဲ့သည်။
ဂီတမဂ္ဂဇင်းများဖြစ်သော သောတရှင်၊ ဂီတပဒေသာ ဂီတမဂ္ဂဇင်းများတွင် ဂီတသင်္ကေတ ဆောင်းပါးများ ရေးသားပြီး စောင်းဦးဘသန်းနှင့် တွဲဖက်၍ ‘ဂီတသင်္ကေတ ပညာ’ စာအုပ်ကို ရေးသားခဲ့သည်။
ထို့ပြင် ‘တေးသင်္ကေတ’ စာအုပ်၊ ‘စန္ဒရားလှထွတ် ဘဝနှင့် တေးများ’ ၊ စန္ဒာရုပ်စုံမဂ္ဂဇင်းတွင် ‘မြန်မာဂီတ ရေစီးကြောင်း’ ဆောင်းပါးများ၊ မိုးဝေ၊ မဟေသီ၊ ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ စာပေဂျာနယ်၊ အတွေးအမြင်၊ ရနံ့သစ်၊ မင်္ဂလာမဂ္ဂဇင်းများတွင် စာပေများရေးသားခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ‘မြန်မာ့ဂီတ ရေစီးကြောင်း’ စာအုပ် ထုတ်ဝေခဲ့ရာ ယင်းနှစ်မှာပင် အမျိုးသားစာပေဆု ‘သုတ စာပေဆု’ ချီးမြှင့်ခံရသည်။
စန္ဒရားလှထွတ်သည် ဇန်နဝါရီ ၅ ရက် ၂၀၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဘောက်ထော် ပြည်သာယာလမ်း နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်