Top News

ခွာရတ်စကယ်လီယာ၏နေရာတွင် အစားထိုးရန်အတွက် မန်ယူနိုက်တက် တောင်ပံကစားသမား ဂါနာချိုကို နာပိုလီပစ်မှတ်ထား
24htopnews | January 15, 2025 10:12 PM CST

 

နာပိုလီအသင်းသည် အသင်းမှထွက်ခွာရန် စီစဉ်နေသည့် ခွာရတ်စကယ်လီယာနေရာတွင် အစားထိုးရန်အတွက် မန်ယူနိုက်တက်အသင်း၏ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုအား ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

ပြင်သစ်ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်သည့် PSG အသင်းသည် ခွာရတ်စကယ်လီယာအား ခေါ်ယူရန်အတွက် နာပိုလီအသင်းနှင့် ဆွေးနွေးမှုများမှာ နီးစပ်နေပြီဖြစ်ပြီး ယူရိုသန်း (၉၀)ဝန်းကျင်ဖြင့် သဘောတူညီမှု ရဖွယ်ရှိနေသည်။ 

နာပိုလီအသင်းသည် ခွာရတ်စကယ်လီယာ၏ တောင်းဆိုမှုကို လက်ခံကာ PSG အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူ၏နေရာတွင် အစားထိုးရန်အတွက် မန်ယူနိုက်တက်အသင်း၏ အသက် (၂၀)နှစ်အရွယ် ကစားသမား ဂါနာချို အား ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

ဂါနာချိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားထားပြီး ၈ ဂိုးသွင်းယူပေးထားသည်။ သို့သော် ဂါနာချိုသည် မန်ယူအသင်း၏ နည်းပြသစ် ရူဘင်အာမိုရင်မ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသဖြင့် အသင်းမှ ထွက်ခွာလိုနေသူလည်းဖြစ်သည်။


READ NEXT
Cancel OK