
(၄၇) ကြိမ်မြောက် အောင်ဘာလေ သိန်း ဆုဖွင့်ပွဲအတွက် အက္ခရာ ၁၀ လုံးတွင် ထီစာ အုပ် လေးသိန်းခုနစ်သောင်းကျော် ရောင်းချ နိုင်ပြီး ယခင်လထက် သုံးသောင်းခွဲကျော် ပိုမို ရောင်းချနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာတွင် ထီစာအုပ် ၄၃၈၉၀၀ ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီတွင် ထီစာအုပ် ၄၇၄၂၈၀ ရောင်းချနိုင်ခဲ့သည့်အတွက် ထီစာ အုပ် သုံးသောင်းခွဲကျော် ပိုမိုရောင်းချနိုင်ခဲ့ ခြင်းဖြစ်သည်။
အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ် ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ၌ ကျင်းပမည့် ၄၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က-အက္ခရာမှ အစဉ် လိုက် ည-အထိ စုစုပေါင်းအက္ခရာ ၁၀ လုံး နှင့် ထီစာအုပ် ၄၇၄၂၈၀ အုပ် ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။
ဆက်လက်ပြီး ထီလက်မှတ်များရောင်း ချရငွေမှာ ကျပ်သန်း ၄၇၄၂ ဒသမ ၈၀၀ ဖြစ် သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆု ငွေသည် ကျပ်သန်း ၃၃၁၉ ဒသမ ၉၆၀ ဖြစ် ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆု ငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်း ငါးထောင်တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ခုနစ် ဆု၊ ကျပ်သိန်းတစ်ရာ ရှစ်ဆု၊ ကျပ်သိန်းငါး ဆယ် ကိုးဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၂ ဆု၊ ကျပ် ၁၀ သိန်း ၁၁ ဆုနှင့် ဝေဝေဆာဆာပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ် သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၇၀၀၀ ဆု၊ ကျပ်ငါးသောင်း ၁၀၀၀၀ ဆု၊ ကျပ်တစ် သောင်းဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ် သန်း ၁၆၇ ဒသမ ၀၀၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်း ၁၀ ဆု၊ ကျပ်နှစ် သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၁၀၀၀ ဆုကို လည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ (၄၇) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၈ နာရီ၌ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွား မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန် ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်