Top News

မြဝတီနယ်စပ်စခန်း၏ ကုန်သွယ်မှုပမာဏ လျော့ကျနေဆဲဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၀၀ ကျော် ကျဆင်းနေ
24htopnews | January 17, 2025 6:12 AM CST

မြဝတီကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း)

မြဝတီနယ်စပ်စခန်း၏ ကုန်သွယ်မှုပမာဏ လျော့ကျနေဆဲ ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၀၀ ကျော်ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကုန်သွယ်မှုဆိုင်ရာအချက်အလက် များအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇန်နဝါရီ ၂၀ ရက်အထိ မြဝတီနယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၇၇ ဒသမ ၀၃၅ သန်းရှိပြီး ယင်းပမာဏတွင် ပို့ကုန်တန် ဖိုးဒေါ်လာ ၅၇၈ ဒသမ ၈၄၅သန်း၊ သွင်းကုန် တန်ဖိုး ဒေါ်လာ ၁၀၉၈ ဒသမ ၁၉၀ သန်း ပါဝင် ကြောင်း သိရသည်။ ပို့ကုန်တန်ဖိုးမှာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၂၅၅ သန်း ကျော် လျော့ကျခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ သန်း ၄၀ ကျော် လျော့ကျခဲ့သည်။ လက်ရှိ ဘဏ္ဍာနှစ်  မြဝတီ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၀၁ ဒ သမ ၃၃၃ သန်းလျော့ကျနေကြောင်း သိရ သည်။

မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ်တွင် ကုန် သွယ်မှုဆောင်ရွက်ရန်အတွက် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊  မယ်စဲ့စခန်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါနယ်စပ်စခန်းများအနက် ထီးခီးနယ်စပ်စခန်းမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ဧပြီ ၁ ရက် မှ ဇန်နဝါရီ ၂၀ ရက်အထိကုန် သွယ်မှုပမာဏ ဒေါ်လာ ၂၀၆၉ ဒသမ ၃၁၂ သန်း ဖြင့် အများဆုံးဆောင်ရွက်ထားကြောင်း သိရသည်။


READ NEXT
Cancel OK