
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် နရွဲပင်ကျေးရွာ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းရှိ တံတားအမှတ် (၁/၅) ကွန်ကရစ် တံတားကို KNU နှင့် PDF များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီ ၂၈ ရက် နံနက် ၇ နာရီ ၁၅ မိ နစ်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် နရွဲပင်ကျေးရွာ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံအနီး ရှိ အရှည် ၁၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ ပေခန့်ရှိ တံတားအမှတ် (၁/၅) ကွန်ကရစ် တံတားကို KNUနှင့် PDF များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ ထိပ်နှစ်ဘက်မှာ ကတ္တရာလမ်းနှင့် အစပ်မှ တစ်ပေခန့်စီ ကွဲအက်ပျက်စီးကာ တံတားဝဲဘက်လက်ရန်းသည် လမ်းနှင့် တစ် ပေခန့် နိမ့်ဆင်းပျက်စီးခဲ့ပြီး ယာဉ်များဖြတ် သန်းသွားလာ၍မရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံ တားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်