
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တပ်မတော်နှင့် TNAL အဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုများကြောင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကုန်းသာရွာ၊ ဟူမန်းရွာ၊ မန်လုံးရွာနှင့် တာလတ်ရွာမှ ဒေသခံ ၁၄၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
ကုန်းသာရွာမှ ဒေသခံ ၂၁၉ ဦး၊ ဟူမန်းရွာမှ ဒေသခံ ၈၃၈ ကျော်၊ မန်လုံးရွာမှ ဒေသခံ ၃၅၄ ဦးနှင့် တာလတ်ရွာမှ ဒေသခံ ၈၀ ကျော် စုစုပေါင်းဒေသခံ ၁၄၉၀ ကျော်မှာ အိုးအိမ်စွန့်ခွာ၍ နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကုန်းသာရွာမှ ဒေသခံ ၇၈ ဦး၊ ဟူမန်းရွာမှ ဒေသခံ ၉၇ ဦး စုစုပေါင်း ၁၇၅ ဦးမှာလည်း မန်လုံးကျေးရွာသို့ ထပ်မံထွက်ပြေးလာရာတွင် ၎င်းတို့အထဲ၌ ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးနှင့် မသန်စွမ်းသူတစ်ဦး ပါဝင်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဒီဇင်ဘာ ၇ ရက်က နမ့်ဆန်မြို့နယ် ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာမှာ ရွာလုံးကျွတ် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်းနှင့် ကုန်းသာကျေးရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကုန်းသာရွာကျေးရွာအနီးရှိ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံနှင့် ဆာမ်ငမ်ရွာမှ ဒေသခံထောင်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၇ ရက်ကတည်းက ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ လတ်တလောအတည်ပြုနိုင်ခြင်း မရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်